Episode 29

495 132 9
                                    

အပိုင်း ၂၉

Zawgyi

" ဝုန်း! "

ကျိုးပဲ့ပျက်စီးနေသော ထိုင်ခုံတွေရဲ့ အလယ်ကို ပစ်ပေါက်ခံလိုက်ရတဲ့ ရှောင်းယန်.... တစ်ကိုယ်လုံး ဘာမှခံစားလို့မရတော့တဲ့အထိ ထုံထိုင်းနာကျင်ကာ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပေမယ့် ပါးစပ်ကတော့ မာန်မလျှော့သေး။

" မင်းတို့..... မင်းတို့ကောင်တွေ... ငါ့ကိုလိမ်တယ်။ "

သူ့ရှေ့မှာ ရပ်နေတဲ့ လူတွေကို ဒေါသထွက်စွာ အော်ဟစ်လိုက်တယ်။

" ရှောင်းသခင်လေးကတော့ တကယ် ရယ်ရတယ်ဟေ့။ တာ့ကွေ့ဆိုတဲ့ ကျုပ်က မြေအောက်လောကသား ဆိုရင်တောင် ဒီလိုမဟုတ်တာတွေ စွပ်စွဲပြီး ချောက်ချလို့ ဘယ်ရမလဲ။ "

ဝဖိုင့်ဖိုင့် အရပ်ရှည်ရှည် မျက်နှာမည်းမည်းနဲ့ ထိုလူက စီးကရက်တစ်လိပ်ကို ထုတ်လို့ မီးညှိကာ ဆေးလိပ်ငွေ့ကို ရှိုက်သွင်းလိုက်တယ်။

" ငါ မင်းတို့ကို မကူညီခဲ့လို့လား... ဟမ်.... ငါမင်းတို့ စောက်အကူအညီ ပေးခဲ့တယ်လေ။ "

ရှောင်းယန် နာကျင်မှုကြောင့် တွန့်လိမ်လျက် အံကြိတ်ပြီး ညည်းညူသံနဲ့ ပြောတယ်။

" တကယ်တော့လည်း မင်းပြောသလိုပါပဲ။ မင်းအကူအညီတွေကြောင့်ပဲလေ။ "

တာ့ကွေ့က ရှောင်းယန်စကားကို လှောင်ပြောင်ရယ်မောရင်း ပြန်ပြောတယ်။

ရှောင်းယန် တစ်ခုခုပြန်ပြောရန် ပြင်လိုက်စဉ် ဆံပင်အနီရောင်ဆိုးထားတဲ့ လူငယ်တစ်ယောက်က ရုတ်တရက် ထရယ်ကာ

" တာ့ကွေ့ကောရေ... အဲ့တုန်းက ကောမမြင်လိုက်လို့ဗျ။ ဒီ ရှောင်းသခင်လေးက သာမန်လူတော့ မဟုတ်ဘူး။ "

ထို့နောက် စကားဆက်ပြောဖို့ရန် အရယ်သတ်ကာ

" ကျွန်တော်တို့ သူ့လက်ကို ဖြတ်ချင်တယ်ပြောလိုက်တော့ ခြေထောက်တွေ ပျော့ခွေသွားလိုက်တာများ ခေါက်ဆွဲဖတ်ကျလို့... ဘောင်းဘီထဲတောင် သေးထွက်ကျတော့မလို့ဗျာ။ "

ရှောင်းယန်ကို ပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ လူအုပ်ကြီးက ဒီစကားလည်း ကြားရော ဝက်ဝက်ကွဲရယ်ပါလေရော။
နောက်ထပ် လူငယ်လေးတစ်ယောက်ကလည်း ဝင်ပြောလိုက်သေးတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now