Episode 5

786 185 4
                                    

အပိုင်း ၅

Zawgyi

ရှောင်းယန်နဲ့ ချီစုစုတို့ ဘူတာရုံဘေးက ဟိုတယ်လေးမှာ ရှောင်းလီကြောင့် ပိတ်မိနေခဲ့တယ်။ အစကတော့ သူတို့ အနီးအနားကနယ်ကို ရထားခပ်မြန်မြန်စီးပြီး သွားမလို့ပဲ။ ခုတော့ ဒီလို ပိတ်လှောင်ခံလိုက်ရလို့ ညနေရထားအတွက်ပဲ လက်မှတ်ဝယ်လိုက်နိုင်တယ်။နှစ်ယောက်သားကအပြင်ထွက်ပြီး လမ်းသလားတာမျိုးလည်း မလုပ်ရဲတော့နီးနီး နားနားက ဟိုတယ်ကိုပဲ ရှာလိုက်ရတယ်။ သူတို့ရဲ့ လှပတဲ့အနာဂတ်အတွက် နှစ်ယောက်အတူအစီအစဉ်ဆွဲနေတုန်း တံခါးခေါက်သံကျယ်ကျယ်ကိုကြားလိုက်ရတယ်။သေ ချာပေါက် ရှောင်းလီပဲပေါ့။

တံခါးကို အားနဲ့ တွန်းဖွင့်ခံရပြီးနောက် ရှောင်းလီကိုစကားပြောခွင့်တောင် မပေးပဲ ရှောင်းယန်းက သူ့ကို အားနဲ့ထိုးချဖို့လုပ်တယ်။ သို့သော် ရှောင်းယန်သူ့ကို မထိုးမိလိုက်ခင်မှာပဲ သူ့ရဲ့ နောက်လိုက်တစ်သိုက်က တားဆီးလိုက်နိုင်ခဲ့တယ်။

ဆူဆူညံညံနဲ့ ရုတ်တရက် အခန်းထဲ ဝင်လာကြလို့ ချီစုစုလည်းကြောက်လန့်ပြီး အော်ငိုတော့တယ်။

ရှောင်းယန်ကတော့ ရုန်းကန်နေရင်း ကျယ်လောင်စွာ အော်ပြောတယ်။

" ကျွန်တော့ကို ဘာလို့သွားခွင့်မပေးရတာလဲ။ ခင်ဗျားသာ မြေအောက်ဒုစရိုက်လောကနဲ့မပတ်သက်ဘူးဆိုကျွန်တော်လည်း ဒီလိုလုပ်မိတဲ့အထိ မဖြစ်ဘူး။ ဘာလို့ခင်ဗျားလိုအစ်ကိုမျိုး ရှိနေရတာလဲ ကျွန်တော့်မှာ။ ခင်ဗျားက ကျွန်တော့အစ်ကို မဖြစ်ထိုက်ဘူး။ "

ရှောင်းလီရဲ့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ရှောင်းယန်ကို တားထားတဲ့ သူ့လူတွေကို

" လွှတ်ပေးလိုက်။ "
လို့ပြောလိုက်တယ်။

ရှောင်းယန်ကို လွှတ်ပေးလိုက်တော့ ကမူးရှုးထိုးနဲ့ ရှေ့ကို ပြေးလာတယ်။

ရှောင်းလီက သူ့ခြေထောက်တွေကို ဖြတ်ကန်လိုက်တော့ ကြမ်းပေါ်ကို ထိုးကျသွားတယ်။

ချီရှို့ယွမ် ဟိုတယ်ကိုရောက်လာချိန်မှာတော့ ရှောင်းယန်ရဲ့သွေးတွေ ကြမ်းပေါ် တတောက်တောက်ကျနေတာကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now