Episode 18

564 143 3
                                    

အပိုင်း ၁၈

Zawgyi

" အမာရွတ်ရှောင်းလီ၊ ငါတို့မတွေ့တာတောင် အတော်ကြာပြီပဲ။ "

ကျင်းတင်ရဲ့ အကောင်းစားသီးသန့်ခန်းထဲမှာ ထိုင်နေတဲ့ အသက်သုံးဆယ့်လေးနှစ်အရွယ် သန်သန်မာမာ ယောက်ျားတစ်ယောက်က စီးကရက်ကို စိမ်ပြေနပြေ သောက်ရင်းနဲ့ ရှောင်းလီကို နှုတ်ဆက်စကားဆိုတယ်။

" ကျွန်တော် ဥပဒေဘောင်ပြင်ပကလူလေ။ ခင်ဗျားနဲ့ခဏခဏ မတွေ့တာ ပိုမကောင်းဘူးလား။ "

ရှောင်းလီက နေရာယူရင်း ပြုံးကာ စနောက်ပြီး ပြန်လည်နှုတ်ဆက်တယ်။

" အရာရှိဝူ၊ စောစောစီးစီး ဒီကို ဘာကိစ္စရှိလို့လဲဗျ။ "

" မင်းတို့ကောင်တွေကို ဒီဟာပေးချင်လို့။ "

ဝူချင်းဟွာ သူ့ဘေးက လက်ဆွဲအိတ်ကိုဖွင့်ကာ ခပ်ထူထူ စာအိတ်ကို ပစ်ပေးလိုက်တယ်။

" ခေါင်းဆောင်ကျိုးရှေ့မှာဆို သူ့ဋ္ဌာနက သတင်းတွေကို မင်းတို့ဆီ ဒီလိုပေးလို့ဘယ်ရမလဲ။ "

ရှောင်းလီလည်း ထိုစာအိတ်ကို အကြည့်တစ်ချက်ပေးကာ ပြုံးလိုက်တယ်။

" ခေါင်းဆောင်ကျိုးမမြင်ဘူးဆိုမှတော့ သူ ဒီကိစ္စကိုသတိမထားမိသေးဘူးဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ "

ဝူချင်းဟွာက ဆေးလိပ်ငွေ့တို့ကို မှုတ်ထုတ်ရင်း ရှောင်းလီပြောတာ မှန်ကြောင်း ခေါင်းငြိမ့်ပြတယ်။

" မင်းဘာလို့ ဖွင့်မကြည့်သေးတာလဲ။ "

ရှောင်းလီ ခေါင်းခါလိုက်တယ်။

" အရာရှိဝူက ကျွန်တော့်ကို အထင်ကြီးနေပြီ။ ကျွန်တော်က ဒီဟာကို ကြည့်ရင်တောင် နားမလည်ဘူးဗျ။ "

" မင်းကဘာကိုနားမလည်တာလဲ။ "

ဝူချင်းဟွာ ဆေးလိပ်ကို လက်ကြားထဲ ဖိကိုင်လိုက်ပြီး စာအိတ်နောက်ကျောကို လှန်တယ်။

" မင်းတို့ကောင်တွေမှာ ဒီလိုဟာတွေကို စစ်ပေးတဲ့ ကျွမ်းကျင်ပညာရှင်တွေ ဘာတွေများရှိသေးတာလား။ အခုခေတ် လူဆိုးဂိုဏ်းတွေကတော့ တကယ့်ကောင်တွေပဲကွာ။ "

Lawless Gangster (Myanmar Translation)Where stories live. Discover now