Episode 49

485 87 6
                                    

အပိုင်း ၄၉

Zawgyi

ချီရှို့ယွမ် သူ့ရဲ့ပူလောင်နေတဲ့ ခန္ဓာကိုယ်ကို ရေခဲတမျှအေးစက်စက်ရေတို့ဖြင့် လောင်းကာ အေးမြနေစေတုန်း ရှောင်းလီကတော့ ရေချိုးပြီးလို့ ခါးမှာ တဘတ် ပတ်ပြီး အပြင်ထွက်သွားနေပြီ။

ရေချိုးခန်းသန့်ရှင်းရေးလုပ်ပြီးနောက် အပြင်ထွက်လာတော့ သူ့အိပ်ခန်းမီးက မှိန်ပြပြလင်းနေကာ အခန်းတံခါးလည်း ခပ်ဟဟ ဖွင့်ထားတာကို မြင်တွေ့လိုက်ရတာကြောင့် ချီရှို့ယွမ် ခဏကြာအောင် ကြက်သေသေမိသွားပြီးမှ ပြုံးမိလာရကာ အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားလိုက်တယ်။

ပြတင်းတံခါးဟာ တစ်ဝက်ပွင့်လျက်သားနဲ့ မိုးမှောင်ညရဲ့ သရုပ်ကို လှစ်ဟပြလို့နေတယ်။ ကုတင်ဘေးနားက မီးအိမ်လေးကို ဖွင့်ထားကာ ချီရှို့ယွမ်ကို ကျောခိုင်းထားတဲ့ ရှောင်းလီက ပြတင်းပေါက် အပြင်ဘက်ကို ငေးရင်း တစ်ခုခုကို တွေးတောနေပုံပင်။

ချီရှို့ယွမ် အိပ်ခန်းတံခါးကိုပိတ်ပြီး ရှောင်းလီဆီသွားလို့ နောက်ကနေ ညင်သာစွာပွေ့ဖက်ရင်း ပုခုံးညာဘက်ဖြမ်းရှိ တက်တူးကို နမ်းလိုက်တယ်။

ရှောင်းလီတစ်ယောက်လည်း ဘာမှပြန်ပြောမနေတော့ပဲ ချီရှို့ယွမ်နဲ့ပိုနီးကပ်စေရန် ခေါင်း စောင်းလိုက်မိတယ်။

ချီရှို့ယွမ်ကတော့ ကြည်နူးပျော်ရွှင်စွာနဲ့ ပိုတိုးဖက်ရင်း ရှောင်းလီကို နမ်းကာ

" လေတိုးနေတာကို မတ်တပ်ရပ်နေတုန်းလား။ မင်းတစ်ကိုယ်လုံး ခဲတော့မယ်။ "

ရှောင်းလီကတော့ အင်းလို့သာ အသံပြုကာ ပြတင်းပေါက်ကို လှမ်းပိတ်တယ်။

" ဒီနေ့ စုစု ဘယ်လိုဖြစ်တာလဲ။ "

ရှောင်းလီကို ဖက်ထားရာကနေ လွှတ်လိုက်ကာ ဗီရိုဆီသွားလို့ တစ်ခုခုကို ရှာရင် ချီရှို့ယွမ်က ပြန်ဖြေတယ်။

" နှာဘူးတစ်ယောက် သူ့နောက်လိုက်လို့တဲ့။ "

စုစုအကြောင်းကို တိုတိုတုတ်တုတ်ပင် ရှင်းပြကာ သူရှာနေတဲ့ အတွင်းခံကိုတွေ့တော့ ရှောင်းလီကို ကမ်းပေးလိုက်တယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now