Episode 47

614 104 13
                                    

အပိုင်း ၄၇

Zawgyi

ပြင်းပြတဲ့ အနမ်းဇာတ်ဝင်ခန်းအဆုံးသတ်မှာတော့ ရှောင်းလီက အနည်းငယ် ထောင်မတ်လို့နေချေပြီ။ မောဟိုက်လာတဲ့အခြေအနေမှာ ခေါင်းကိုအသာမော့က အသက်ဝဝရှုလိုက်ပြီးနောက် ချီရှို့ယွမ်ထံ၌သာ အကြည့်ကို ပို့လိုက်တယ်။

ချီရှို့ယွမ်ကလည်း သူ သတိပြန်ကပ်လာမယ့်အချိန်ကို မီးတောက်နေတဲ့အကြည့်တို့နဲ့ ကြည့်ကာ စောင့်နေတာကို တွေ့လိုက်ရတယ်။ မရယ်မပြုံးမျက်နှာက တည်တံ့နေကာ မျက်ဝန်းတို့က ရမ္မက်ဆန္ဒတို့ ပြည့်လျှံလို့နေပြီး ရေစိုနေတဲ့ဆံပင်ရယ်၊ မေးရိုးတစ်လျောက် တတောက်တောက်ကျနေတဲ့ရေစက်တို့က ပြင်းပြတဲ့အသွင်ကို ပိုပီပြင်စေတယ်။

သူ့ကို အလိုရှိနေကြောင်း ရည်ညွှန်းလိုနေတဲ့ ထိုမျက်ဝန်းတစ်စုံကို ရှောင်းလီ ဘယ်လိုအင်အားမျိုးနဲ့ ရှောင်လွှဲလို့ရမှာလဲ။ သူကိုယ်တိုင် တစ်ကိုယ်လုံး လောင်မြိုက်လို့နေကာ ပူလောင်မှုကြောင့် မရည်ရွယ်ပါပဲ နှုတ်ခမ်းလွှာကို လျှာဖြင့် အသာသပ်မိတော့ ချီရှို့ယွမ်ရဲ့မျက်ဝန်းတို့က ပိုလို့ပင် နက်မှောင်သွားတယ်။

" လှလွန်းတယ်.... "

ချီရှို့ယွမ် ထိန်းမထားနိုင်ပဲ တစ်ဖက်လူရဲ့ အလှတရားကို ထုတ်ဖော်ချီးမွမ်းလိုက်ကာ ထပ်တလဲလဲ အနမ်းခြွေနေမိတယ်။

ရှောင်းလီမှာ ချီရှို့ယွမ်ကို တွန်းဖယ်ဖို့ရာ ခွန်အားတစ်စက်လေးပင် ကျန်မနေတော့။ နှုတ်ခမ်းကို နမ်းလိုက် လျက်လိုက်လုပ်တာလေးကတောင် တဏှာရာဂကို ဒီလောက်တောင် နှိုးဆွနိုင်တယ်ဆိုတာ ရှောင်းလီ အရင်က မသိခဲ့။

ချီရှို့ယွမ်ရဲ့ လျှာထိပ်ဖျားလေးက သူ့နှုတ်ခမ်းကနေတစ်ဆင့် မေးစေ့ဆီ၊ ထို့နောက် လည်ဇလုတ်ဆီ ခေါက်တုံ့ခေါက်ပြန် ခရီးဆန့်လို့နေတယ်။

ရှောင်းလီ ခွန်အားမဲ့စွာ လက်နှစ်ဖက်ကို အသာချထားရင်း အသက်ကို လုရှုနေရတယ်။ ချီရှို့ယွမ်လျှာဖျားက သူ့ရင်ဘတ် ဘယ်ဘက်ခြမ်းရှိ ပွင့်ချပ်တို့ပေါ် နေရာချနေစဉ် နား,နားကပ်ကာ တစ်ခုခုကို တိုးဖွဖွပြောရင်း သူ့တစ်ကိုယ်လုံးကို စိုစွတ်စွတ် အမှတ်အသားတို့ နေရာမလပ် ချန်နေတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now