Episode 4

834 187 1
                                    

အပိုင်း ၎

Zawgyi

ရှောင်းလီတစ်ယောက် ဘေစင်ရှေ့မှာ တိတ်တဆိတ် ရပ်ရင်း ဘုံဘိုင်ကနေ ကျနေတဲ့ ရေအောက်မှာ လက်နှစ်ဖက်ကို နှစ်ဆေးနေတယ်။ သူ့လက်တွေကို ခပ်နာနာလေး ပွတ်သပ်ဆေးကြောမိတော့ ဘေစင်ထဲက ရေတွေက အနီရောင်ဖက်သန်းသွားတယ်။

" ဒဏ်ရာရလာတာလား။ "

ရေချိုးခန်းတံခါးပေါက်နား ရုတ်တရပ်ပေါ်လာတဲ့ ရှည်ရှည်သွယ်သွယ်လူတစ်ယောက်ကမေးတယ်။

သတင်းလာနှိုက်နေတာကို သိနေတာမလို့ ရှောင်းလီ အကြည့်တစ်ချက်တောင် မပေးဘဲ ဆက်ဆေးနေလိုက်တယ်။

" ငါ့သွေးမဟုတ်ဘူး။ "

" မင်းကို စိတ်တိုအောင် ဘယ်သူလုပ်လိုက်တာလဲ။ "

ထိုလူက တံခါးဘောင်ကို လေးတွဲ့စွာမှီရင်းမေးတယ်။

" မင်းကိုယ်တိုင် ထွက်ပြီး အလုပ်လုပ်တာကို မမြင်ရတာတောင် ကြာခဲ့ပြီ။ "

ရှောင်းလီရဲ့ နှုတ်ခမ်းတစ်ခြမ်း ကွေးညွတ်လိုက်ရင်း

" ငါစိတ်ကြည်မနေဘူး။ "

" ငါ့ကို မညာစမ်းပါနဲ့။ မင်းကို ဒီလိုစိတ်တိုအောင် လုပ်နိုင်တဲ့သူကဘယ်သူများလဲ။ "

ထိုလူရဲ့အတော်လေး ကြည့်ကောင်းတဲ့ အပြုံးက သူ့မျက်နှာကို တင့်တယ်စေပြီး နှစ်လိုဖွယ် သဘောကို ဆောင်တယ်။

" မမေးစမ်းပါနဲ့ကွာ။ မိသားစုကိစ္စပါ။ "

ဘေစင်ဘေးကတန်းမှာ လှမ်းထားတဲ့ ပုဝါကိုဆွဲယူကာ လက်သုတ်ရင်း ရှောင်းလီပြောလိုက်တယ်။

" ခုတလော အဲ့မှာရော ဘယ်လိုလဲ။ အဆင်ပြေနေတယ်မဟုတ်လား။"

" မင်းတို့ထက်တော့ နည်းနည်းပိုကောင်းတယ်။ ကိုယ်တွေက မင်းတို့ လို ကိုယ်ထိလက်ရောက် အကြမ်းဖက်ရတာတွေ မလုပ်ရဘူးလေ။ "

ထိုလူက သူ့ဟာသူအတော်လေး ကျေနပ်နေတဲ့လေသံနဲ့ပြောတယ်။

" ပြီးတော့ ဟိုတလောက ရဲတွေဦးဆောင်ပြီးလုပ်နေတဲ့ ပြည့်တန်ဆာ ပပျောက်ရေး ကမ်ပိန်းကလည်း ပြီးသွားပြီလေ။ အဲ့တော့ ကလေးမတွေက သူတို့ခြေထောက်ကိုပြန်ကားပေးရုံနဲ့ ငွေကလွယ်လွယ်နဲ့ ဝင်တယ်။ ဒါပေမယ့်......."

Lawless Gangster (Myanmar Translation)Where stories live. Discover now