Episode 3

954 207 6
                                    

အပိုင်း ၃

Zawgyi

" ချီစုစု၊ နင်သတ္တိ သိပ်ကောင်းနေပါလား။ "

ချီရှို့ယွမ်အိမ်ပြန်ရောက်တော့ သူ့ညီမက ထမင်းစားပွဲပေါ် မှာမှောက်လျက်သား။ သူ့အသံကြားတော့ မက်မွန်သီးမှည့်တွေလို ရဲရဲနီနေပြီး မို့ဖောင်းနေတဲ့ မျက်လုံးတွေနဲ့ ခေါင်းမော့ကြည့်ရှာတယ်။

ချီရှို့ယွမ် သက်ပြင်းချမိတယ်။ သူ့အသက်ဆယ့်ငါးနှစ်အရွယ်မှာ သူ့မိဘတွေက ကံဆိုးမိုးမှောင်ကျပြီး ယာဉ်မတော်ဆမှုကြောင့် တိမ်းပါးသွားခဲ့တယ်။ အဲ့အချိန်တုန်းက သူ့ရဲ့ ဆယ်နှစ်အရွယ် ညီမငယ်က သူမကို အစွမ်းကုန်အလိုလိုက်တဲ့ အဘိုးအဘွားတွေနဲ့ နေခဲ့ရတာတောင် သိမ်သိမ်မွေ့မွေ့နဲ့ အရှက်အကြောက်ကြီးတယ်။ ဘော်ဒါမှာ ကျောင်းအိပ်ကျောင်းစား တက်ပြီးနောက်မှာတော့ သူမဟာ တော်တော်လေး ကိုယ့်အားကိုယ်ကိုးတတ်လာပြီး စိတ်ဓာတ် မာကြောသူဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူ့အဘိုးအဘွားတွေ အေးချမ်းစွာ ကွန်လွန်သွားတဲ့အခါမှာတော့ သူ့ညီမက သူနဲ့အတူနေဖို့ဖြစ်လာတယ်။ နောက်ဆုံးမှာ သူလည်းပဲ သူ့ညီမကို အလိုမလိုက်ပဲ မနေနိုင်ခဲ့ဘူး။ သူမရဲ့ ကလေးဆန်ဆန် ဟန်ပန်နဲ့ ချစ်စဖွယ် သွင်ပြင်ကို တစ်ချက်ကြည့်မိရုံနဲ့တင် သူ့တက်စရာ စောဒက အားလုံး ပျောက်ဆုံးရတယ်။

" ကိုကို "

ချီစုစု ခပ်တိုးတိုး အသံချိုလေးနဲ့ ညင်သာစွာပြောတယ်။

" ညီမလေးက အားယန်နဲ့ ပဲ အတူရှိနေချင်တာ။ ဒါပေမယ့် ကိုကိုက ရက်စက်တယ်။ ခေါင်းကလည်း မာသေး။ ညီမလေးက အစ်ကိုရှောင်းကို နည်းလမ်းရှာပေးဖို့ အကူအညီတောင်းရုံပဲတတ်နိုင်တော့တယ်။ "

" သြော်၊ အဲ့လူဆိုးကောင်က နင့်အစ်ကိုကို သေအောင်ရိုက်၊အလောင်းကိုကျ ယန့်ကျီမြစ်ထဲပစ်ပြီး နင့်ကို ကူညီပေးလိုက်မှာ မကြောက်ဖူးလား။ ဟမ်။ "

ချီရှို့ယွမ် သူမဆီလျှောက်လာရင်း ရှောင်းလီပေးလိုက်တဲ့ စားစရာဘူးကို စားပွဲပေါ် တင်လိုက်တယ်။

" စားပြီးပြီလား။ နင့်အတွက် စားကောင်းမယ့်ဟာလေး ယူလာတယ်။ "

Lawless Gangster (Myanmar Translation)Where stories live. Discover now