Episode 30

521 144 14
                                    

အပိုင်း ၃၀

Zawgyi

ကျောင်းတွေ ပညာရေးဆိုင်ရာနေရာတွေနဲ့ပတ်သက်ရင် ပါးနပ်ပြီး ကောင်းကောင်း အသုံးချတတ်တယ်လို့ ကိုယ့်ကိုကိုယ် ထင်ခဲ့တဲ့ ချီရှို့ယွမ် အခု ဒီအသုံးပြုခြင်းမရှိတော့တဲ့ မူလတန်းကျောင်းခန်းလေးထဲ အဖမ်းခံထားရတဲ့အချိန်မှာတော့ စိတ်လှုပ်ရှားလွန်းလို့ ရင်ဘတ်ကြီး ပေါက်ကွဲထွက်မတတ်တောင်ဖြစ်နေတယ်။

" မင်း ဦးနှောက်ကို ဘာစားရမလဲစဉ်းစားဖို့ပဲ သုံးတတ်တာလားကွ.... မင်းအဖမ်းခံရတာ ရဲမခေါ်ပဲ ဘာကိစ္စ စုစုကို ခေါ်ရတာလဲ။ "

ချီရှို့ယွမ် အသံခပ်တိုးတိုးနဲ့ ဒေါသထွက်စွာ သူ့ဘေးက ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ ရှောင်းယန်ကို ကြိမ်းမောင်းလိုက်တယ်။ ရှောင်းယန်က သူ့ဘေးမှာထိုင်နေတဲ့ ချီရှို့ယွမ်ကို မျက်နှာချင်းဆိုင်လိုက်ကာ စုစုကို ခေါ်ရခြင်းအကြောင်းကို ရှင်းပြတယ်။

" ကျွန်တော် ရဲတိုင်ရင် သူတို့က ပြန်ဖမ်းသွားမှာပေါ့ "

" မင်း ရဲမတိုင်ပဲနေတာထက်တော့ ပိုဆိုးပါ့မလား "

ချီရှို့ယွမ် ခေါင်းငုံ့လိုက်ပြီး အခြားသူတို့ မမြင်စေရန် လက်နဲ့ကွယ်ရင်း ဆက်မေးတယ်။

" ပြီးတော့ မင်းမှာ တခြားခေါ်စရာလူ မရှိတော့ဘူးလား။ မင်းပြောတာလည်း ကြည့်ဦး.....ရှန်းရှန်ခရိုင်ဘက်မှာ ဒဏ်ရာရထားလို့ စုစုကို လာခေါ်ပါဆို။ တော်သေးတာပေါ့ ညကြီးမိုးချုပ် မိန်းကလေးတစ်ယောက်တည်း အပြင်မထွက်ခိုင်းချင်လို့ ငါထွက်လာမိပေလို့ပေါ့။ စုစုသာ ထွက်လာလို့ကတော့ မင်း အကြိမ်တစ်ရာသေပေးမယ်ဆိုရင်တောင် အစားပြန်မပေးနိုင်ဘူး။ "

ရှောင်းယန်က ခေါင်းကြီးငုံ့လို့ အကြာကြီး နှုတ်ဆိတ်နေပြီးမှ အသံတိုးတိုးနဲ့

" တောင်းပန်ပါတယ်။ ကျွန်တော်.... ကျွန်တော်.... သိပ်မစဉ်းစားမိလိုက်ဘူး။ ကျွန်တော့်မှာနေ့တိုင်း စကားပြောဖြစ်တဲ့သူက စုစုပဲရှိတာမို့.... ပြီးတော့ ကျွန်တော်တို့ ဒီနေ့တစ်နေကုန် ဖုန်းမပြောရသေးတော့ သူ,များစိုးရိမ်နေမလားလို့ဖုန်းခေါ်လိုက်တာ... ပြီးတော့ အဲ့အချိန်တုန်းက အန္တရာယ်ရှိလိမ့်မယ်လည်း မထင်ထားလို့...... "

Lawless Gangster (Myanmar Translation)Where stories live. Discover now