အပိုင်း၂၁
Zawgyi
နောက်နေ့ မနက်ဆယ့်တစ်နာရီ... ချီရှို့ယွမ်တစ်ယောက် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ရင်း Notebookနဲ့စာရိုက်နေတယ်။
" မင်းနည်းနည်းထပ်အိပ်သင့်တယ် "
ချီရှို့ယွမ် Notebookကိုဘေးချကာ ပြောလိုက်တယ်။
" အခုဘယ်လိုနေသေးလဲ "
" ခေါင်းနည်းနည်းကိုက်နေသေးတယ်။ "
ရှောင်းလီမျက်ခုံးတို့ တွန့်ချိုးလိုက်ကာ
" ရေချိုးခန်းဘယ်မှာလဲ။ ငါ့အဝတ်တွေရော။ "
" လျှော်ပြီးရင် ပြန်ပေးမယ်။ အခုကိုယ့်အင်္ကျီဝတ်ထားလို့ရတယ်။ "
ချီရှို့ယွမ် ပြန်ပြောလိုက်တယ်။
" ရေချိုးခန်းက အလယ်က တံခါးအဖြူနဲ့....မင်း ရေအရင်ချိုးထားလိုက်လေ။ ကိုယ်မင်းစားဖို့စားဖို့တစ်ခုခုလုပ်လိုက်မယ်။ "
ရှောင်းလီရေချိုးခန်းဆီသွားဖို့ ဦးတည်လိုက်ချိန် ကိုယ်ကိုအလှည့် ကျောရဲ့ညာဘက်ခြမ်းအပေါ်နားမှာ ကျားတစ်ကောင် တောင်တက်နေဟန် တက်တူးကို ချီရှို့ယွမ် မြင်လိုက်ရတယ်။ အားမာန်ဝင့်ကာ ခွန်အားအပြည့်လွှမ်းခြုံထားဟန် ရုပ်လုံးကြွလှပြီး ရှောင်းလီက သူ့လက်ကို ရှေ့နောက်လွှဲလိုက်ရင် တကယ်ပဲရွေ့သွားသလိုလို ချက်ချင်းပဲ အပြင်ကို ခုန်ထွက်လာတော့မယောင်နဲ့ အသက်ဝင်လှတယ်။
ချီရှို့ယွမ် တောင့်တင်းနေတဲ့ ကျောပြင်ကို ငေးရင်း မနည်းဖိနှိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ ပြန်လည်သက်ဝင်လှုပ်ရှားလာလို့ နောက်တစ်ကြိမ် သူ့ခံစားချက်တွေကို ချိုးနှိမ်ထားလိုက်ရတယ်။စိတ်အေးသွားတော့မှ မီးဖိုချောင်ထဲသွားပြီး စောစောက ရှောင်းလီအတွက်သူလုပ်ထားတဲ့ ဆန်ပြုတ်ကိုနွေးလိုက်တယ်။ ထို့နောက် သူ့အခန်းထဲပြန်ဝင်ကာ အဝတ်အစားတစ်စုံရယ်၊ အတွင်းခံအသစ်ရယ်၊ သဘက်အသစ်ရယ်ကို ထုတ်လိုက်ပြီး ရေချိုးခန်းတံခါးကိုခေါက်လိုက်တယ်။
" ရှောင်းလီ၊ ကိုယ် အဝတ်အစားတွေနဲ့ သဘက်ကို တံခါးဘေးက ခုံပေါ်တင်ခဲ့တယ်နော်။ မင်းရေချိုးပြီးရင်.........."
YOU ARE READING
Lawless Gangster (Myanmar Translation)
RomanceOriginal Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Disclaimer - I don't own any of this novel content. All belongs to the author Bai Shan Hei Shui.