Episode 15

568 151 5
                                    

အပိုင်း၁၅

Zawgyi

ချီရှို့ယွမ် Lincoln ဇိမ်ခံကားကိုတော့ မှတ်မိနေတယ်။

သူ့ကို ပထမဆုံးအကြိမ် လာခေါ်တုန်းက ကျောင်းဂိတ်ပေါက်ရှေ့မှာ ရပ်ထားတာ သေချာပေါက် ဒီကားပဲဖြစ်တယ်။ ကားနံပါတ်ပြားကအစ အရမ်းကို ထည်ဝါလွန်းတယ်။ အခုဒီကားက နာမည်ကြီးအပန်းဖြေနေရာဖြစ်တဲ့ ' အောင်မြင်ခြင်းကမ္ဘာ ' ရဲ့ရှေ့မှာ ရပ်ထားလေတယ်။

" ကားဆရာ၊ ဒီမှာ ရပ်ပေးပါ။ "

ချီရှို့ယွမ် နှုတ်က အလိုလိုပြောထွက်သွားတယ်။

Taxi ပေါ်ကဆင်းလာပြီးတော့ ချီရှို့ယွမ် ထိုနေရာမှာပဲ ရပ်နေမိတယ်။ သူ့ခေါင်းကို အနည်းငယ် စောင်းပြီး ထို ဇိမ်ခံကားကြီးကိုအတော်ကြာအောင် ကြည့်နေတယ်။

ထို့နောက် ဖုန်းကိုထုတ်ကာ ရှောင်းလီရဲ့နံပါတ်ကို ခေါ်လိုက်တယ်။

ငါဘာပြောရမလဲ။

မင်းရဲ့ကားကို အောင်မြင်ခြင်းကမ္ဘာ ရှေ့မှာတွေ့လိုက်ရလို့။ တိုက်တိုက်ဆိုင်ဆိုင်  ကိုယ်လည်း ဒီကိုရောက်နေတာနဲ့ အတူတူသွားရင် ပိုမကောင်းဘူးလား လို့ ပြောရမလား။
သူက ဒီထဲမှာတကယ်ရှိတာရော ဟုတ်ရဲ့လား။ ဒီကားက သူ့ကိုမဟုတ်ပဲ တခြားလူကို လာပို့တာ၊ လာခေါ်တာဆိုရင်ရော ဘာပြန်ပြောရမလဲ။

သြော်၊ မင်းက အောင်မြင်ခြင်းကမ္ဘာမှာ မဟုတ်ဘူးလား။ ရတယ်လေ။ ကိုယ်တို့ဖုန်းတောင် ခေါ်ပြီးနေမှတော့ တွေ့ကြရအောင်လေ။

ငါကအဲ့လိုပြောရင် သူကရော လာတွေ့ပါ့မလား။ ငါ့ကို သူက လာမတွေ့ချင်ရင် ဘယ်လိုလုပ်မလဲ။ မဟုတ်ဘူး... သူက ဒီတိုင်း မတွေ့ချင်ဘူးလို့ ပြောမှာတော့ မဟုတ်ဘူး။ ဆင်ခြေတော့ ပေးမှာပေါ့။

' လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ......' ဆိုတာချည်းပဲ ကြားလိုက်ရပြီးနောက် ချီရှို့ယွမ် ဖုန်းခေါ်တာကို အနားပေးလိုက်တယ်။

ဘာလို့မကိုင်တာလဲ။ အလုပ်ရှုပ်နေတာများလား။ ဘယ်သူနဲ့ ရှိနေတာလဲမသိဘူး။ Missed Call တွေ့ရင်တော့ ပြန်ခေါ်လောက်မှာပါ။

ချီရှို့ယွမ် ဇိမ်ခံကားကြီးကို နောက်တစ်ဖန်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ ထွက်သွားဖို့ပြင်တယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now