Episode 24

511 132 10
                                    

အပိုင်း ၂၄

Zawgyi

" မင်းက ဒီမှာပဲ "

ကျင်းတင်တစ်ပတ်လှည့်လည်ကြည့်ရှုပြီးနောက် ရှောင်းလီရဲ့ ကိုယ်ပိုင်ဧည့်ခန်းထဲ ချော်တောငေါ့ပြီးရောက်လာတဲ့ ဟန်ကျားက ပြောတယ်။

ရှောင်းလီက ပြတင်းပေါက်ဘေးမှာရပ်နေပြီး စီးကရက်တစ်လိပ်ဖွာရင်း အပြင်ဘက်က မြင်ကွင်းတွေကို ကြည့်နေတယ်။ ဟန်ကျားအသံကိုကြားတော့ ရိုးရှင်းစွာ ဟုတ်တယ် လို့လှည့်မကြည့်ပဲ ပြန်ဖြေလိုက်တယ်။

" လင်းကျီက အောက်ထပ်မှာ သူ့အပြစ်သူခံတဲ့အနေနဲ့ ခေါင်းငုံ့ပြီးရပ်နေတယ်။ သူ့ကို ဘာလို့အဲ့လောက်တောင် ဆူလိုက်တာလဲ။ "

ဟန်ကျားက သူ့နားကပ်လာတယ်။

ရှောင်းလီ မျက်မှောင်ကြုံ့လိုက်ကာ

" ဘာလဲ။ ငါ့လက်အောက်ငယ်သားတောင် ငါဆူလို့မရဘူးလား။ "

ဟန်ကျားက ပြတင်းပေါက်ဘောင်ကို မှီရပ်လိုက်ကာ ရှောင်းလီဘက်ခေါင်းကိုလှည့်ကာကြည့်တယ်။

" သူကမင်းကို ဓားနဲ့တစ်ခါထိုးဖူးတယ်။ အဲ့တုန်းကတောင် မင်းသူ့ကို ဒီလောက်ဆူတာ ငါမတွေ့မိပါဘူး။ ဒီတစ်ခါဟာက ဘာမှလည်းမဟုတ်ဘူး... မိန်းမတစ်ယောက်ကို ထိမိလို့ ပါးရိုက်ခံလိုက်ရရုံတင်ကို။ အဲ့လောက်ဆိုးဆိုးဝါးဝါးစကားတွေနဲ့ ဆူစရာလိုလို့လားကွာ။ "

ရှောင်းလီက ဟွန့်ခနဲ့ နှာမှုတ်လိုက်တယ်။

" မင်းသူ့ကိုပြောတာတွေအကုန် ငါကြားလိုက်ပါတယ်။ ဘာတဲ့ ' ကိုယ့်အတွက် ဘာကတကယ်အရေးပါမှန်းတောင်မသိတဲ့ ကပျက်ကချော် ဂိုဏ်းစတား'... ပြီးတော့ ဘာတဲ့ ' ဘယ်သူက မင်းလိုပေါ့ပျက်ပျက်ကောင်ကို ကြိုက်မှာလဲ။ မင်းဆီက ရသလောက်ယူမယ့်သူတွေချည်းပဲ'ဆိုလား။ မင်းသူ့ကို ပြောလိုက်တာနဲ့တင် လင်းကျီမျက်နှာကလေ.... ကျွတ်..ကျွတ်... အီးမှန်ထားသလိုပဲကွာ။ "

ရှောင်းလီမျက်ခုံးကြားက တွန့်ရာတို့ ပိုလို့တင်းမာသွားကာ စီးကရက်ကိုရှိုက်လိုက်တယ်။ စကားတော့ မပြော။

" မင်းသူ့ကို ဆူတာလား ကိုယ့်ကိုကိုယ် ဆုံးမနေတာလား။ ရှောင်းယန် မင်းကို တစ်ခုခုပြောလိုက်လို့လား။ "

Lawless Gangster (Myanmar Translation)Where stories live. Discover now