Episode 37

455 129 16
                                    

အပိုင်း ၃၇

Zawgyi

" ချင်းရယ် "

ရှောင်းလီ မတ်တပ်ထရပ်လိုက်တော့ လီရှီချင်းက စိတ်ကိုပြန်လည်စုစည်းကာ တည်ငြိမ်သော အမူအရာဖြင့် ကုတင်ပေါ်က ဟန်ကျားကို တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့၍

" အပြင်မှာ စကားပြောရအောင် "

ရှောင်းလီ အခန်းပြင်ကိုထွက်ပြီးကာမှ ပြန်ဝင်လာပြီး အသံတိုးတိုးဖြင့်

" ဒီမှာနေခဲ့။ အပြင်ကို ထွက်မလာခဲ့နဲ့။ ငါတို့အလုပ်အကြောင်းဆွေးနွေးမှာမလို့ "

ထို့နောက် ချီရှို့ယွမ်ကိုကြည့်ကာ စိတ်မသက်မသာဖြင့်

" မင်းနောက်ကလိုက်လာမယ်ဆိုငါ့အတွက်အနေပိုခက်တာပဲရှိမယ်။ "

ထိုသို့ပြောပြီး အခန်းပြင်ပြန်ထွက်မယ်လုပ်တုန်း ချီရှို့ယွမ်က လက်မောင်းကို လှမ်းဆွဲကာ သိလိုစိတ်ဖြင့်မေးလိုက်တယ်။

" အဲ့ဒါ မင်းသူဋ္ဌေးဆိုတာလား...မင်း အရင်ကပြောပြဖူးတဲ့သူလေ? သူလား.... "

ရှောင်းလီ အထိတ်တလန့်ဖြင့် သူ့လက်ကိုခါချကာ

" မင်းနဲ့မဆိုင်ဘူး။ "

ချီရှို့ယွမ် ဘယ်လိုဖြစ်ပြီးကျန်နေခဲ့မလဲ လှည့်မကြည့်ပဲ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ လီရှီချင်းဆီသာ သွားလိုက်တယ်။ လီရှီချင်းရဲ့ သက်တော်စောင့်ကတော့ မနီးမဝေးမှာရပ်နေပြီး ကော်ရစ်ဒါမှာ သူတို့နား ဖြတ်လျှောက်လာမယ့်သူတွေကို တားဆီးဖို့ စောင့်ကြည့်နေတယ်။

ရှောင်းလီ ကိုယ်ကိုညွတ်ကာ အရိုအသေပေးပြီး

" ချင်းရယ်.. "

' ခွပ် '

လီရှီချင်း ရှောင်းလီကို ထိုးချလိုက်တယ်။

လီရှီချင်းလည်း ငယ်ရွယ်စဉ်က အတော်လေး ဖျတ်လတ်ကာ ကြမ်းတမ်းသူဖြစ်လေတယ်။ အခုလို ဒေါသငယ်ထိပ်ရောက်နေချိန်မှာ လီရှီချင်းရဲ့လက်ဆက ရှောင်းလီလိုလူမျိုးတောင် တောင့်မခံနိုင်စွာ နောက်ကိုခြေနှစ်လှမ်းစာ ဆုတ်မိသွားတယ်။

လီရှီချင်း ရှောင်းလီနောက် ထပ်ကြပ်မကွာလိုက်ကာ အံကိုကြိတ်ပြီး ရှောင်းလီ မေးစေ့ကိုအကြမ်းပတမ်း ဆွဲမော့ရင်း

Lawless Gangster (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang