Episode 40

506 131 15
                                    

အပိုင်း ၄၀

Zawgyi

ဟန်ကျားက သတိရလာပြီဖြစ်ပေမယ့် အားတော့နည်းနေသေးတယ်။ စစ်ဆေးဖို့လာတဲ့ဆရာဝန်ကတော့ စစ်ဆေးစရာစစ်ဆေးပြီးနောက် မှတ်စုစာအုပ်မှာ ရေးစရာရှိတာ ချရေးလို့နေတယ်။
ချီရှို့ယွမ်နဲ့ရှောင်းလီကဆရာဝန် ညွှန်ကြားချက်တို့ကို နားထောင်ပြီးနောက် ရှောင်းလီက အချိန်နဲ့အမျှ ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာတွေကို ဆရာဝန်ဆီမှာ စိတ်အားထက်သန်စွာနဲ့ အသေးစိတ်မေးမြန်းတယ်။

ချီရှို့ယွမ် အကြည့်တွေက ရှောင်းလီဆီကနေ နည်းနည်းမှ မခွာ။ ဒဏ်ရာရနေသူကို ပြုစုချင်နေတာကို နားလည်နေပေမယ့်လည်း အနည်းငယ်တော့ ဝမ်းနည်းစိတ်ကလေးဝင်မိတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျားရဲ့ ရေခဲရိုက်အကြည့်ကို ခံစားမိလို့ အရိုးထဲကနေတောင် ချမ်းစိမ့်စိမ့်ဖြစ်ချင်လာတယ်။ ဘယ်လိုမှ မတတ်နိုင်ပါပဲ အကြောင်းတစ်ချို့ကြောင့် ဒီအခြေအနေကြီးကို တော်တော်လေး စိတ်ပျက်မိပါရဲ့။
ဆရာဝန် အခန်းထဲက ထွက်သွားတာနဲ့ ရှောင်းလီက သူ့ဘက်သို့လှည့်ကာ

" မင်း ဖုန်းအားကုန်နေတယ်ဆို။ "

လေသံက နူးညံ့ကာ တည်ငြိမ်နေသော်ငြား သူ့ကို အဝေးနှင်ချင်နေကြောင်း ခံစားမိလိုက်တာမလို့ အပြုံးတစ်ခုကို ရက်ရက်ရောရော လုပ်ယူပြုံးကာ

" အင်း... မင်းတို့ စကားပြောနှင့်ကြလေ။ ကိုယ် အားသွင်းကြိုးသွားဝယ်လိုက်ဦးမယ်။ "

ရှောင်းလီဘေးကနေ တဖြည်းဖြည်းချင်း ဖြတ်သွားကာ လက်ချောင်းလေးတွေကို အသာပွတ်တိုက်မိတော့ ရှောင်းလီက ကိုယ်ကိုယိမ်းကာ မသိမသာ ရှောင်တယ်။
သူ့မျက်နှာပေါ်က ထူးထူးဆန်းဆန်း အကြည့်ကြောင့် ချီရှို့ယွမ် သူ့ဘေးနားကနေ တဖဝါးမှ မခွာချင်ဖြစ်ရတယ်။
ချီရှို့ယွမ် အခန်းပြင်ရောက်သွားတော့ ဟန်ကျားကုတင်ဘေးက ခုံကိုဆွဲယူထိုင်ရင်း ရှောင်းလီ အသံခပ်တိုးတိုးဖြင့်

" လော်တုန်းက မင်းကို သွားခွင့်ပြုလိုက်ပြီ။ "

ဟန်ကျား စကားပြန်ပြောမလို့လုပ်လိုက်ပေမယ့် ပါးစပ်လေးဟမိတာနဲ့ နာကျင်မှုဝေဒနာက ထွက်ပေါ်လာတာကြောင့် လေသံလေးနဲ့သာ ခွန်းတုံ့စကားဆိုနိုင်လေတယ်။ မျက်နှာထက်မှာလည်း ပဟေဋ္ဌိဖြစ်နေဟန်ပေါ်တယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now