Episode 27

533 140 11
                                    

အပိုင်း ၂၇

Zawgyi

" ငါ့ အမေလည်း ငါ့ကိုဒီလိုမျိုးဖက်ထားရတာသိပ်ကြိုက်တာ။ "

အချိန်အတန်ကြာမှ ရှောင်းလီဘက်က စကားစပြောတယ်။ ဒီတစ်ခေါက်တော့ သူ့အသံမှာ နွေးထွေးမှုလေးသိသိသာသာ ပါလာတယ်။ သူတို့ကို စိုးမိုးထားတဲ့ အမှောင်ထုကပဲ ရှောင်းလီရဲ့ နှလုံးသားလေးကို နူးညံ့စေတာလားမသိ... သူ့ရဲ့ခက်ထန်ကြမ်းတမ်းမှုတွေ အကုန် လွင့်စင်သွားတယ်။

" သူ့အသက်ဆယ့်ခြောက်နှစ်မှာ ငါ့ကိုမွေးခဲ့တာ။ အဲ့တုန်းက အမေက ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့။ လူတွေက အမေ့ကို အသုံးမကျတဲ့ စိတ်ပျက်စရာ မိန်းမလို့ပဲမြင်ကြတယ်လေ။
ငါတို့နှစ်ယောက်ကို ကျွေးမွေးဖို့ အမေက ပြည့်တန်ဆာဖြစ်ခဲ့ရတယ်။ တစ်ခါတစ်လေ အမေ မဟုတ်တာတစ်ခုခုလုပ်ပြီး ပြန်လာရင် ငါ့ကိုဒီလိုမျိုး ဖက်ထားရတာ သိပ်ကြိုက်တာ။ "

သူ အတိတ်ကိုပြန်တွေးရင်း စကားပြောတာရပ်လိုက်တယ်။ ခဏလောက်နေမှ ခပ်ဖြည်းဖြည်းဆက်ပြောတယ်။

" နောက်ပိုင်းကျ အမေ့ကို သူ့လက်အောက်မှာခေါ်ထားချင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက် ပေါ်လာတယ်။ အမေက အဲ့လူနဲ့ နှစ်အကြာကြီးသွားနေသေးတယ်။ ဒါပေမယ့် အဲ့အချိန်ကစပြီး အမေ လုံးဝရူးသွားတာပဲ။
အမေက ပြည့်တန်ဆာမဟုတ်တော့ဘူးဆိုပေမယ့် အဲ့လူရဲ့ ပြည့်တန်ဆာခေါင်း ဖြစ်သွားတယ်လေ။ အဲ့တုန်းက အမေဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ။
သူအလုပ်လုပ်တဲ့နေရာကိုတောင် ငါ့ကိုခေါ်သွားသေးတယ်။ ပြီးတော့ သူ့ကိုယ်သူ ဂုဏ်တွေယူပြီး ရှောင်းလီရေ၊ မင်းအမေက ဒီနေရာမှာ ဘယ်လောက်အထင်ကြီးစရာကောင်းလိုက်လဲ ဆိုပြီးပြောသေးတာ။ တကယ် အရူးမလိုပဲ။ ဘယ်လိုလူက ကိုယ့်သားကို အဲ့လိုနေရာမျိုး လိုက်ပြမှာလဲ။ "

ချီရှို့ယွမ် သူ့ပုခုံးထက်ကျလာတဲ့ မျက်ရည်နွေးနွေးတွေကို ခံစားမိတယ်။ လေပြည်ညင်း ဖြတ်အတိုက် သူလက်ဆန့်ကာရှောင်းလီကျောကို ပုတ်ပေးရင်း နှစ်သိမ့်ပေးမိတယ်။
ရှောင်းလီတစ်ယောက် ချီရှို့ယွမ်ရဲ့ ပွေ့ဖက်မှုကြား သူကိုယ်တိုင် သက်ဆင်းနေမိတာကို အခုမှ သတိထားမိပြီး တစ်ကိုယ်လုံးတောင့်တင်းသွားတယ်။ ဒါပေမယ့်လည်း သူ့အတိတ်က အဖြစ်ဆိုးတွေအကုန် အဆုံးထိ ပြန်အမှတ်ရ ဖွင့်ဟချင်နေမိတာကြောင့် နောက်ဆုံးတော့ နဂိုထက် ပိုပြီး သူ့အသံကိုတိုးလိုက်ကာ ဆက်ပြောနေမိတယ်။

Lawless Gangster (Myanmar Translation)Donde viven las historias. Descúbrelo ahora