Episode 23

451 133 5
                                    

အပိုင်း ၂၃

Zawgyi

သူ့ကိုသေနတ်နဲ့ တည့်တည့်ချိန်ထားခံရပေမယ့်လည်း ချီရှို့ယွမ်ကတော့ မမှုသလိုပင်။ သူ့ရှေ့က သေနတ်ကိုကျော်ပြီး ရှောင်းလီရဲ့မျက်ဝန်းတွေကိုသာစိုက်ကြည့်ရင်း ဖြည်းဖြည်းချင်းမေးတယ်။

" အဲ့တော့....မင်း ကိုယ့်နောက်ကြောင်းကို တကယ်ကြီးစုံစမ်းခဲ့တယ်ပေါ့။ "

ချီရှို့ယွမ်ရဲ့မတုန်မလှုပ်အမူအရာနဲ့ သူ့စကားထဲက တိုက်ရိုက်မဟုတ်ပဲ လိမ်ညာကြောင်းဝန်ခံမှုက ရှောင်းလီရဲ့လူသတ်လိုစိတ်ကို အဆုံးစွန်ထိမြင့်တက်စေတယ်။ ရှောင်းလီ ချီရှို့ယွမ်ရဲ့အင်္ကျီကော်လံကို ဆောင့်ဆွဲကာ မြေကြီးပေါ်လဲကျနေတဲ့သူ့ကို အကြမ်းပတမ်းဆွဲမလိုက်တယ်။
ချီရှို့ယွမ် ကောင်းကောင်းတောင် မတ်တပ်မရပ်နိုင်သေးခင်မှာပဲ ရှောင်းလီက သူ့ရဲ့နံရိုးကို လက်သီးနဲ့ထိုးတယ်။ လက်ဆပြင်းချက်က ချီရှို့ယွမ်တောင် နောက်ကိုခြေသုံးလှမ်းလောက်ဆုတ်သွားမိပြီး မြေပေါ်တဖန်လဲကျပြန်တယ်။ ရှောင်းလီ သူ့မျက်နှာရှေ့ထိ ကိုယ်ကိုငုံ့ကိုင်းကာ သေနတ်နဲ့ ခေါင်းကိုနောက်တစ်ကြိမ် ထပ်ချိန်လိုက်တယ်။

" ငါ့ကိုပြန်ပြောစမ်းပါ.... မင်းအဖိုးက တုယန်ဆန်းကော ဟုတ်မဟုတ်ဆိုတာ.... "

တစ်ကိုယ်လုံးကို ထိုးနှက်နေတဲ့နာကျင်မှုကို တောင့်ခံရင်း ချီရှို့ယွမ် သူ့ရှေ့က ရှောင်းလီကို ကြည့်လိုက်တယ်။ လေးလံနေတဲ့ ပင့်သပ်ရှိုက်သံတွေကြားက သူခိုင်ခိုင်မာမာပဲပြောလိုက်တယ်။

" မဟုတ်ဘူး "

သေနတ်ဒင်နဲ့ ရှောင်းလီ ချီရှို့ယွမ်ရဲ့ ခေါင်းကိုလည်ထွက်သွားအောင် ရိုက်ချလိုက်တယ်။ ပြင်းထန်တဲ့ရိုက်နှက်မှုကြောင့် ချီရှို့ယွမ် အသက်ရှုရပ်မတတ်တောင်ဖြစ်သွားတယ်။

အဆုံးမရှိအေးစက်နေတဲ့လေထုကို ဝန်းရံထားတဲ့ရှောင်းလီက သေနတ်ပြောင်းနဲ့ ချီရှို့ယွမ်ပါးကိုပုတ်ကာ လည်ထွက်သွားတဲ့ခေါင်းကို သူ့ဖက် တဖန်မျက်နှာမူစေပြီး သေနတ်နဲ့ထပ်ချိန်ထားတယ်။

" ထပ်ပြောစမ်း.. "

" မဟုတ်ဘူး "

ရှောင်းလီ သူ့ကိုနောက်တစ်ကြိမ် အားနဲ့ဆွဲမပြီးနံရံဆီ အေးစက်စက် ပစ်ပေါက်ပြန်တယ်။ ခေါင်းထဲမှာ မိုင်ထောင်ချီပြေးလွှားနေတဲ့ဒေါသတွေနဲ့ ချီရှို့ယွမ် ခန္ဓာကိုယ်ကို မရေတွက်နိုင်လောက်တဲ့အထိ ထိုးကြိတ်ပစ်လိုက်တယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now