Chapter 663 စုဝေးပွဲ အတွက်မှတ်ပုံတင်

16.3K 804 67
                                    

အခန်း ၆၆၃ စုဝေးပွဲအတွက် မှတ်ပုံတင်ခြင်း

ဒီအချိန်အတွင်းမှာ ယူရှောင်းမိုနှင့် လင်းရှောင်တို့က တောင်ပိုင်းတိုက်မကြီးဘက်က အခြေအနေတွေကို မျက်ခြေမပျက် စောင့်ကြည့်လျက်ရှိသည်။

ဇော့ကျန် နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားပြီး ချန်မဟာမိတ်က သူတို့နှင့် သွေးနီစွေးမျိုးနွယ်စုကြားက တိုက်ပွဲတွင် လက်သာသွားမှုကို ဆက်လက်ထိန်းသိမ်းထားသည်။ ယူကျန်ထျန်း၏ ဇနီးဖြစ်သော လေဒီယင်၏ မိသားစုတောင်မှ အဖျားခတ်သွားသေးသည်။

နဂါးမျိုးနွယ်ကလည်း ယူရှောင်းမိုကို အကြွေးတင်နေသည်။ ပြီးတော့ ယူရှောင်မိုကလည်း ချန်မဟာမိတ်နှင့် မိတ်ဆွေတွေ ဖြစ်နေတော့ ငွေနဂါးမျိုးနွယ်က အကူခေါ်ချိန်တွင် နဂါးမျိုးနွယ်က သွေးစွေးနီမျိုးနွယ်စုကို မကူညီရန်သာ ဆုံးဖြတ်လိုက်ကြသည်။

လေဒီယင်က ယူကျန်ထျန်း ဇနီးဖြစ်တာကြောင့် ငွေနဂါးမျိုးနွယ်စုက အကူအညီပေးတာ သဘာဝကျသည်။ သို့သော် နဂါးအစစ်မျိုးနွယ်ကတော့ ငွေနဂါးမျိုးနွယ်အတွက်နှင့် ချန်မဟာမိတ်နှင့် ရန်ဘက် ဖြစ်သွားချင်တာမျိုး မဟုတ်လျှင်တော့ ကူညီပေးဖို့အတွက် အကြောင်းအရင်းရှိမနေပေ။ ပြီးတော့ ဒါကြီးကလဲ မဖြစ်နိုင်တဲ့ အရာကြီးလေ။ ချန်မဟာမိတ်ဆိုသည်က အင်အားရှိတယ် အာဏာရှိတယ်။ သူတို့ရဲ့ သတင်းကွန်ယက်က ထုံထျန်းတိုက်မကြီးတစ်ခွင် ဖြန့်ကျက်ထားတာ ဖြစ်သည်။ သူတို့ကို ဖီဆန်တာက ဘာကောင်းကျိုးမှ ရှိမလာနိုင်။

နဂါးအစစ်မိသားစုက ဝင်ပါဖို့ကို ငြင်းဆန်တာမို့ သွေးစွေးနီမျိုးနွယ်စုနှင့် ငွေနဂါးမျိုးနွယ်တို့က သူတို့ဘာသာသာ ရပ်တည်နိုင်ဖို့ ကြိုးစားရတော့သည်.

ယူကျန်ထျန်းက သူတို့အဆင့်ထဲကို နောက်ထပ် နတ်ဘုရားအဆင့် သိုင်းသမားတစ်ယောက် ထပ်ထည့်ဖို့အကြံက ဘယ်တော့မှ လက်မလျော့ပေ။ ငွေနဂါးမျိုးနွယ်စု၏ အကူအညီကြောင့်သာ မဟုတ်လျှင် သူတို့က ချန်မဟာမိတ်ကို ဦးညွှတ်ချင် ညွတ် မဟုတ်လို့ကတော့ ဇော့ယန်ကို သတ်မှသာ ရမည်။

ဒါပေသိ အဲဒါကလဲ မဖြစ်နိုင်တာ အရှင်းကြီးပင်။ အကယ်လို့ ယူကျန်ထျန်းကသာ ကိုယ်တိုင်ဝင်ပါလျှင် ဖူချန်ချုံးကလဲ ဝင်ပါမှာပင်။ အဆုံးမှာတော့ အခြေအနေတွေက လိမ်ကျစ်နေသော ကြိုးတစ်ချောင်းလို တင်းမာကာ အချိန်မရွေး ပြတ်လုပြတ်ခင် ဖြစ်လာသည်။ ဒါကလဲ နှစ်ဖက်စလုံးကို ငွေအားရော လူအားပါ ကုန်ခန်းစေသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now