အခန်း ၆၈၃ မွေးဖွားလာခြင်းရဲ့ နောက်ကွယ်က

3.5K 673 91
                                    

Chapter 683: The Mystery of Birth

“ချီလင်အရှင်က အကျဉ်းချထားတာ မဟုတ်ရင် ဘာလို့ အရင်တုံးက မဆက်သွယ်တာလဲ။ ဒီကိစ္စကို ဦးလေးကူရော သိရဲ့လား” သူ့ အကျဉ်းအကြပ်ထဲ ရောက်နေတာကို မြင်တာနှင့် တင် လင်းရှောင်က တုန့်ဆိုင်းမနေပဲ တည့်ပဲ မေးချလိုက်သည်။

ဒါ့ကြောင့်ပဲ အကြောင်းပြချက် တစ်ခု နှင့် ဒီကိစ္စကို ဒီမှာတင် ပြီးလိုက်ဖို့ စဉ်းစားနေသည့် လင်းမင်ကို ကြောင်တက်သွားစေသည်။ တစ်ခါတစ်လေကျတော့လဲ တော်လွန်း ထက်လွန်းသည့် သားရှိတာက အကောင်းဆုံးကြီးပဲတော့ မဟုတ်လှ။ သူ ကတော့ နေသားမကျသေးပေ။

“မင်း မသိအောင် တမင်ဖုံးထားတာတော့ မဟုတ်ပါဘူး” လင်းမင်က မတတ်သာတော့သလို ရှင်းပြလိုက်သည်။

လင်းရှောင် မွေးသည့် အချိန်တုန်းက ချီလင်အရှင်က သူ့ရဲ့ နောက်ဆုံးထွက်သက်ဆီသို့ ချဉ်းကပ်နေပေမယ့် အသက်တော့ မသေသေးပေ။ လင်းရှောင် အကြောင်း သိသွားတော့ ချီလင်အရှင်က ဒေါသပုန်တွေ ထကာ သူ့ကို ချီလင်မျိုးနွယ်စုထဲမှာပဲ တစ်သက်လုံး အကျဉ်းချထားတော့ဖို့ အထိတောင် လုပ်ချင်သေးသည်။

ချီလင်အရှင်က သူ့ကို မသတ်ရသည့် အကြောင်းအရင်း ကို ပြောရလျှင် အချက် နှစ်ချက် ရှိသည်။ တစ်ကြောင်းက ချီလင်အရှင်၏ ဒါဏ်ရာကြောင့် ဖြစ်သည်။ သူ ပြန်မသက်သာတော့ အထိကို ဒါဏ်ရာ အပြင်းထန်ရသွားတာကို သူ့တပည့်ရင်းသာလျှင် သိသည်။ ပြောရလျှင် ချီလင်အရှင်တွင် လင်းမင်ကို သတ်ဖို့ အားပင် မရှိတော့ပေ။ လင်းမင် ကလည်း ချီလင်အရှင်၏ မျှော်လင့်ချက် အတိုင်း ဖြစ်မလာခဲ့သည့် ပေါ်တွင် အမှားပြုမိစိတ်နှင့် အားနာမိပေမယ့်လည်း သူ့ချစ်သူနှင့် သူ့သားကိုလဲ စွန့်ပစ်ဖို့တော့ ငြင်းဆန်ခဲ့သည်။ 

နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ချီလင်အရှင်ကလည်း သူ့မှာ အချိန်သိပ်မကျန်တော့တာ သိသည်။ သူ သေသွားသည်နှင့် ချီလင်မျိုးနွယ်စု တစ်ခုလုံးက ပရမ်းပတာနှင့် အနေအထားတွေက အဆိုးဘက်ကို ရောက်သွားကာ သူ့နေရာကို မှန်းနေသည့် သူများကလည်း စတင် ခြေလှမ်းပြင်တော့မှာကို သူသိနေသည်။

The Legendary Master's Wife (MM 663 ~ 731)On viuen les histories. Descobreix ara