အခန်း ၆၇၉

2.7K 573 26
                                    

Chapter 679: အကျင့်မကောင်းတဲ့ ချောင်ဝူရှင်း

ပွဲကြည့်သူများမှာ ဘာသံမှတောင် မထွက်နိုင်ပဲ တိတ်ဆိတ်သွားရသည်။

အဆင့်ခြောက် မှော်ဆရာ နှစ်ယောက် ဖြစ်သော ယူချွမ်နှင့် ဇူးမားမှာ ဘယ်လိုပဲဆိုဆို ဒါဏ်ရာ အနည်းအများရသွားကြသည်။ ပြင်းထန်သည်ဟု မထင်ရသော်လည်း လူတိုင်းကတော့ အံ့သြသွားကြဆဲပင်။

ထိုမှော်ဆရာနှစ်ယောက်မှာ နိုင်နိုင်ချေအများဆုံးဟု လူအများက မှန်းဆပြီး လောင်းကြေးထပ်ကာ သူတို့၏ ပွဲစဉ်တွေကို အကဲခတ်နေသူမှာ လက်ညိုးထိုးမလွဲပင်။

ယူရှောင်းမိုကတော့ လူသစ်ဖြစ်တာမို့ ယူချွမ်နှင့် ဇူးမားကို လောင်းကြေးထပ်သူ အများအပြားရှိချိန်တွင် သူ့ကို လောင်းကြေးထပ်သူမှာ အနည်းအကျဉ်းမျှသာ ရှိသည်။ ထို နှစ်ယောက် ရှုံးသွားသည့်ကို မြင်တာနှင့် သူတို့အပေါ် လောင်းကြေး ထပ်ထားသူ အများအပြားဆီက အသံတွေ စီကနဲ ထွက်လာတော့သည်။

သို့သော်လည်း ပြိုင်ပွဲကတော့ မပြီးဆုံးသေးပေ။

ယူချွမ်နှင့် ဇူးမားမှာလဲ အပကဟိက ဒါဏ်ရာမျှသာ ရထားကြတာမို့ ဆက်လက် ပြိုင်ပွဲဝင်နိုင်သေးကာ နိုင်နိုင်ချေကတော့ နည်းပါးသွားခဲ့ပြီ။ သူတို့ကို လောင်းကြေးထပ်ထားသူများကလဲ သူတို့ကလဲ အရှုံးမပေးသေးပါဘူးဟု ကိုယ့်ကိုကိုယ်သာ ချွေးသိပ်နေကြသည်။

ယူချွမ်က သူ့ပါးစပ်စွန်းက သွေးများကို သုတ်လိုက်သည်။ ကံကောင်းစွာနှင့် အခြား လမ်းကြောင်းတစ်ခုတွင် သူ၏ စိတ်ဝိဥာဏ်တစ်စ ရှိနေသေးသည်။ သူ့စိတ်ဝိဥာဏ်ခွန်အားက ဝင်္ကဘာထဲတွင် ရှိနေသရွေ့ သူဆက်ပြိုင်လို့ ရနေသေးသည်။

ဒီတစ်ခေါက်ကတော့ ယူရှောင်းမိုကို ခါးခါးသီးသီးကို မုန်းသွားသည်။

ယူချွမ်ကို အနိုင်တိုက်ပြီးတော့ လေတိုးနေသည့် နောက်ကို လိုက်လိုက်သည်နှင့် ထွက်ပေါက်ကို တွေ့သွားသည်။ ဒီထွက်ပေါက်မှာ ခုနစ်ခုမြောက် ထွက်ပေါက်ဖြစ်သည်။ အခြားထွက်ပေါက်များကတော့ တိုက်ပွဲများဖြင့် ပိတ်ဆို့နေဆဲပင်။ ထိုအထဲတွင် ချန်မဟာမိတ်က လူလဲ ပါနေသည်။ ဘယ်သူကမျှ အလျော့မပေးချင်ပေ။ အခုချိန်သာ သူ အပြင်ထွက်လိုက်လျှင် သူက ပထမဆုံး ဖြစ်သွားလိမ့်မည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now