အခန်း ၇၀၄ ကသောင်းကနင်း

2.5K 494 30
                                    

Chapter 704: Turmoil


လင်းထျန်း၏ အသံမှာ ရှိသမျှ လူအကုန်လုံး၏ နားထဲ ၀င်သွားလေ၏။ ထိုအသံထဲတွင် သူ့ဒေါသတွေ ပြိုင်ဘက်ကင်းတဲ့ သူ့မာန်မာနတွေလဲ အများကြိး ပါဝင်ရောထွေးနေသည်။ သူတို့က ရန်သူတွေ မဟုတ်လျှင်တောင်မှ သူ့လေသံက တခြားသူများကို မကျေမနပ် ဖြစ်စေနိုင်သည်။

လင်းမင်က သူတို့ကို တားထားသော ချီလင်မျိုးနွယ်ဝင်များကို အကဲခတ်လိုက်လေတော့ မျိုးနွယ်စုထဲမှ အဆင့်မြင့်တန်းမှ လူအကုန် ရောက်ရှိနေကြသည်။ သူတို့က တကယ်ကြီးကို လင်းရှောက်ယီကို ပုံအောထားကြသည်ပဲ။ မျိုးနွယ်စုကို မျိုးမသုဉ်းသွားစေချင်ပေမယ့် အခုတော့ ရွေးစရာ မရှိ တိုက်ရတော့ ပေမည်။

“ခင်ဗျားတို့က တိုက်ချင်တယ်ဆိုလဲ ရတယ်လေ” သူ့စကားသံ တိတ်သွားသည်နှင့် အံသြစရာ ဖိအားတစ်ခုက သူ့ကိုယ်ကနေ ထွက်လာကာ သူ့ရဲ့ ကြယ်ခုနစ်ပွင့် အထွတ်အထိပ်ဆိုသည့် ဖိအားက လင်းထျန်းနှင့် ရှိရှိသမျှ လူအကုန်ပေါ်ကို ကျရောက်လို့သွားသည်။

ယခုမှပင် ဇူးမားလဲ စိတ်ပူလို့လာလေပြီ။ သူ(မ) လိုချင်သည်က အချိန်လေး ဆွဲထားချင်ယုံသာ။ ထို့ကြောင့်သာပဲ လင်းမင်နှင့် သွေးသားဆက်နွယ်မှု ရှိသော လင်းထျန်းကို လင်းမင်နှင့် ရင်ဆိုင်စေတာ ဖြစ်သည်။ သူလိုချင်သည့် ရလာဒ်နှင့် ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်ကာ လင်းမင်က ချက်ချင်းကြီး ပြောသလို လုပ်ချလိုက်မယ်လို့ မထင်ထားပေ.

သူတို့ သားအဖနှစ်ယောက်၏ ဆက်ဆံရေးက ပြန်ပြင်လို့ မရလောက်သည့် အထိ ယိုယွင်းနေသည့် အဖြစ်ကိုတော့ ဇူးမား မသိလိုက်။ လင်းထျန်းက မာန်မာနကြီးသူ တစ်ယောက် ဖြစ်ကာ တစ်ခုဆို တစ်ခုကိုပဲ တရားသေ မှတ်ယူထားသူ ဖြစ်သည့် အပြင် သူမှားသည်ကို ဘယ်တော့မှ ၀န်ခံမည့် သူလဲ မဟုတ်။ သူသာသိ သူသာတတ် ဟု မှတ်ယူထားသူ ဖြစ်သည့်အတွက် သူလုပ်သမျှ အရာအားလုံးသည် အမှန်ဖြစ်ကာ သူ့ကို မထောက်ခံသူ မှန်သမျှက မှားယွင်းနေသည်ဟု ယူဆသူ ဖြစ်လေသည်။

ထိုသို့သော လူမျိုးနှင့် ဆုံသည့် အခါတွင်မတော့ လင်းမင်က သားအဖဆက်ဆံရေးကို ဖာထေးချင်သည် ဆိုဦးတော့ ပိုဆိုးသွားဖို့ ရာသာ ရှိသည်။ ထိုကဲ့သို့လဲ ယခင်က ဖြစ်ဖူးသည့် အတိတ်ကလဲ ရှိသေးသည်။ လင်းထျန်း၏ သတ်မှတ်ချက်ကတော့ လင်းမင်က သူပြောသမျှကို အမြဲတမ်း နားထောင်ရမည် ပြန်မပြောရ။ သူက အရှေ့ကို သွားဟုဆိုလျှင် လင်းမင်က အရှေ့ကိုသာ သွားရမည်။ အနောက်ကို စိတ်ကူးထဲပင် မထဲ့ရ ဆိုသူမျိုး ဖြစ်သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now