အချပ်ပို ၉ နောက်ထပ် အမှန်တရား

1.4K 389 6
                                    

Chapter 722 (Extra 9) : Yet Another Truth

“အဲလိုကြီးလဲ ဘယ်ဖြစ်ချင်ပါ့မလဲ။ ဒါပေမယ့် သူ့ကို မြင်လိုက်ရတော့ ရှောင်းမိုကို တွေ့လိုက်ရသလိုကြီး ဖြစ်သွားတာလေ။ အရမ်းဝမ်းနည်းတာပဲ ပြီးတော့ သူ့ကို ပြန်တွေးမိတိုင်း နောင်တအရမ်းရတာပဲ  အီး..အီး…” မာမာယူက ပြောရင်းနှင့် ငိုတော့သည်။ မျက်နှာလှလှလေးပေါ်မှာ လိမ်းထားသမျှ မိတ်ကပ်များမှာလဲ မျက်ရည်များကြောင့် ပျက်ကုန်ရသည်။ မျက်ရည်များနှင့် အလှလေး ဆိုသည့် စကားက သူ(မ)၏ ဂန္ဓ၀င် ဆန်သည့် အလှကို အပြည့်အ၀ ဖော်ကျူးနိုင်သည်။

ပါပါးယူကတော့ မာမားယူ၏ ပခုံးလေးကို ဖက်သိုင်းပြီး သက်ပြင်းချလေသည်။ သူ နောင်တ မရလို့တော့ မဟုတ်။ သူဘယ်လောက်ပဲ နောင်တရပါစေ သူ့သားက ပြန်မလာနိုင်တော့ဘူးလေ။

မာမားယူက ပါးပါးဖက်ထားသည့် အထဲကနေ တွန်းထုတ်ကာ သူ့ကို ကျယ်ကျယ်လေး ပြန်ရန်လုပ်တော့သည်။ “အကုန်လုံး ရှင့်ကြောင့်။ အစကတည်း ရှင့်စကား နားမထောင်သင့်တာ ။ ဒီလိုလေး လုပ်လိုက်တာက ကိုတို့သားအတွက် အကောင်းဆုံး မဟုတ်ဘူးလား ဘာညာနဲ့ အဆုံးကျတော့ရော ဘ၀က စတောင် မစရသေးဘူး အဆုံးသတ်သွားတယ်။ အကုန်လုံးက ရှင့်အပြစ်တွေကြီးပဲ သားကို ပြန်ပေး….အီး..အီး…”

“အင်း … အင်း … အင်း…. အကုန်လုံးက ကိုယ့်အပြစ်တွေကြီးပဲ” ပါပါးယူကတော့ သူ့အမှားအဖြစ် ၀န်ခံဖို့ တွန့်ဆုတ်မနေပေ။ ဒါ ပထမဆုံး အကြိမ် ဖြစ်နေတာ မဟုတ်သလိုမျိုး ချောချောချူချူတောင် နိုင်နေသေးသည်။

တကယ်လဲ ဒါက ပထမဆုံးအကြိမ် မဟုတ်ပေ။ မာမားယူက သူ့ရဲ့ ဆုံးသွားသည့် ဒုတိယသားလေးကို မကြာမကြာ သတိရတတ်သလို ငိုလိုက် အော်လိုက် လုပ်နေကျပင်။ သူ(မ) ပေါက်ကွဲတိုင်းလဲ အမြဲတမ်း ခါးစီးခံရသူက ပါပါးယူပင်။ ငြင်းရဲလိုက်တာနှင့် ဒုက္ခပင်လယ်ဝေသွားပြီသာ မှတ်တော့။ ဒီတော့ ဒီနှစ်တွေ အတွင်းမှာ အတွေ့အကြုံအရ သူဘာသာသူ မှားမှား မှန်မှန် ဒါ သူ့အပြစ်ဟု သာ ၀န်ခံတော့သည်။

ဒါပေမယ့် ဖန်မျိုးရိုးနှင့် ကောင်လေးက သူတို့ ဒုတိယသားလေးနဲ့ တော်တော်ကြီး တူနေတာကြီးက သူ့မိန်းမရဲ့ ၀မ်းနည်းစရာ အတိတ်တွေကို သွားစွသလို ဖြစ်သွားမယ်လို့တော့ တစ်ခါမှ မတွေးဖူးပေ။ ပထမပိုင်းက သူကမိန်းမကို စိတ်ငြိမ်သွားအောင် ချော့ထားတာက အခုတော့ အချိန်တိုလေး အတွင်း ပြန်ချော့လို့ မရနိုင်လောက်တော့။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now