အခပျြပို ၈ _ ညစာ

2.1K 462 22
                                    

Chapter 721 (Extra 8) : Dinner

အခန်း ၇၂၁ ညစာ

ယူပေါ် အိမ်တံခါးဖွင့် ၀င်လိုက်ကတည်းက ဧည့်ခန်းက လာသည့် အသံတွေကို ကြားနေရသည်။ လှုပ်ရှားမှုတွေကလည်း ငြင်သာသည်မဟုတ်တာကြောင့် ဂိမ်းတစ်ခုခု ဆော့နေပုံရသည်။ အဲဒိမှာတင် အိမ်တော်ထိန်းတန်က ထွက်လာ တာမို့ ယူပေါ် ဖိနပ်လဲနေတုန်း မေးလိုက်သည်။ "ဧည့်သည်တွေ ရောက်နေတာလား"

အိမ်တော်ထိန်းတန်က မနေနိုင်တော့ပဲ ရယ်ကာ "သခင်လေးပေါ် မေ့နေတာပဲ။ သဘက်ခါ လီမိသားစုနဲ့ တွေ့ရမယ် ဆိုတော့ အစိုးရက ကာကွယ်ပေးဖို့ လူနှစ်ယောက် လွှတ်လိုက်တယ်လေ။ ငမန်းဖြူလို့ ခေါ်တဲ့ အထူးအဖွဲ့ကလို့ ကြားလိုက်တယ်"

ယူပေါ်က တန့်သွားသည်။ အချို့သော အကြောင်းအရာများကြောင့် ယူရှောင်းမိုကို သတိရစေသည့် လူငယ်လေးကို သူ ပြန်သတိရသွားပြန်သည်။ ဒီရက်အနည်းငယ် အတွင်းမှာကို ထိုလူငယ်လေးက သူ့အတွေးထဲတွင် ခဏခဏ ပေါ်လာတတ်သည်။ သူတို့တွေ တွေ့တာ ဒါ ပထမဆုံးအကြိမ်ပေမယ့် ယူပေါ်က သူ့ကို သတိတွေ ရနေမိကာ ယူရှောင်းမိုနှင့် တော်တော့်ကို တူသည်ဟုကို ပိုပို တွေးမိလာသည်။

"ဦးလေး ညစာ ပြင်လို့ရပြီ" ယူပေါ်က ဧည့်ခန်းထဲကို လမ်းလျှောက်ရင်း အိမ်တော်ထိန်းတန် ကို ပြောလိုက်သည်။ အထဲကို နီးနီးလာတော့မှပင် အထဲမှာ ရှိနေသူ တစ်ဦးက သူ့စိတ်ထဲ တစ်ချိန်လုံး ပေါ်ပေါ်လာသူ ဖြစ်နေမှန်း သိလိုက်ရသည်။ အခုဆိုလျှင် သူတို့ကို အသိအကျွမ်း ဟုတောင် ဆိုလို့ ရနေပြီ။

သူ့ခြေသံတွေက အရမ်းဖော့လိုက်ပေမယ့် အထဲက နှစ်ယောက်စလုံးက သူ အနားမရောက်ခင်ကို နောက် လှည့်ကြည့်လာသည်။ လူငယ်လေးက လက်ထဲတွင် ဂိမ်းလက်ကိုင်တစ်ခုကို ကိုင်လျက်သားပင်။ အဲဒိ လက်ကိုင်က လွန်ခဲ့သည့် ဆယ်နှစ်က ပေါ်ခဲ့သည့် စနိုက်ပါဂိမ်း ဖြစ်နေသည်။ အခုချိန်တွင် တော်တော်ကြီးကို ဟောင်းနေကာ ယခုခေတ် လူငယ်တွေ ကြားထဲ စိတ်ဝင်စားဖို့ မပြောနှင့် ဂိမ်းသမားကြီးတွေတောင်မှ ဒီလို ဂိမ်းမျိုးကို စိတ်ဝင်စားကြတော့မှာ မဟုတ်ပေ။

သို့သော်လည်း ယူပေါ်က မြင်လိုက်သည့်အချိန်မှာတော့ သူ့မျက်နှာက နည်းနည်း ပျက်သွားသည်။ ပုံမှန်ဆိုလျှင် ဒီလိုဂိမ်းမျိုးက သူ့အိမ်မှာ ရှိမနေသင့်ပေ။ ဒီဂိမ်းက သူ့အစ်ကို ယူရှောင်းမို ကစားရတာ အကြိုက်ဆုံး ဂိမ်းမလို့ ယူမိသားစုထဲမှာ ဒီလို ဂိမ်းမျိုးက ရှောင်ရမည့် အစားထဲက တစ်ခု ဟု ပြောလို့ရသည်။ ယူရှောင်းမိုက စိတ်မကြည်တိုင်း ဒီလို သေနတ်ပစ်ဂိမ်းကို ဆော့ပြီး စိတ်ဖြေတတ်သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now