အခန်း ၆၆၄ အထပ်

3.4K 645 21
                                    

အခန်း ၆၆၄ အထပ်

အကယ်လို့သာ မှော်ဆရာစုဝေးပွဲကြီးသာ ဖြစ်မလာဘူးဆိုလျှင် သက်တန့်ရောင်အဆင့် အဆင့်မြင် မှော်ဆရာ ဖြစ်ဖြစ် အလယ်အလတ်တန်းစား မှော်ဆရာတွေဖြစ်ဖြစ် ဒီလောက်ထိ ရှိလိမ့်မယ်ဆိုတာ ဘယ်သူမှတောင် သိလောက်မှာမဟုတ်ပေ။ အများစုကလူထု၏ အမြင်အောက်ကနေ ပုန်းကွယ်နေတာဖြစ်တာကြောင့် လူအများစုက မျက်နှာသစ်တွေ ဖြစ်နေသည်။

ပထမတုန်းကတော့ ယူရှောင်းမိုထင်ထားတာက ဒီဟိုတယ်မှာ အဆင့်သတ်မှတ်ချက် နှင့် လုပ်ထားတော့ တည်းခိုသူ များများစားစားမရှိလောက်ဟု ထင်ခဲ့သည်။ သို့သော် အဆင့်မြင့်မှော်ဆရာများ၏ မာန်မာနကလည်း သူတို့ အဆင့်နှင့် အတူ မြင့်တက်လာသည်ကို သူမေ့သွားပြန်သည်။ အဲဒိအစားထဲမှာမပါတဲ့ သူတွေလဲ ရှိပေမယ့် အများစုကတော့ မော်ကြွားနေသူများသာ။

ဒီလိုနှင့် ထိုဟော်တယ်က အဆင့်သုံး သက်တန့်ရောင်အဆင့်နှင့် အထက် မှော်ဆရာများသာ လက်ခံသည်ဆိုသော စကားပျံ့နှံ့သွားချိန်တွင် အများစုက အဲဒိမှာ တည်းခိုချင်စိတ်တွေ ကြီးစိုးလာတော့သည်။ အပြင်မှာ နေသည့်သူများကပဲ နေဖို့ အရည်အချင်း မရှိသလိုလို ဘာလိုလိုဖြစ်သွားသည်။ ဒီလို ယှဉ်ကြည့်တာနှင့် အခြားသူတွေထက် ကိုယ်က သာသွားသလို စတင် ခံစားရတော့သည်။ သတင်းတွေ ပျံနှံသွားသည်နှင့် ဝူဆောင်းဟိုတယ်ကို ရောက်လာသည့် မှော်ဆရာတွေ ပိုပိုများလာလေသည်။

ဒီလိုနှင့် ယူရှောင်းမိုနှင့် လင်းရှောင်တို့ အမြန်ရောက်သွားချိန်က ဟိုတယ်မှာ ပြည့်လုပြည့်ခင်တောင် ဖြစ်နေပြီ။

ဝူဆောင်းဟိုတယ်လို့ ပြောလိုက်သည်နှင့် ယူရှောင်းမိုကတော့ ချောင်ဝူရှင်း၏ ဝမ်းကွဲအစ်ကိုဖြစ်သည့် တောင်ပိုင်းတိုက်မကြီးက သားရဲအသွင်ပြောင်းအဖွဲ့မှာသာ အမြဲနေသည့် ချောင်ဝူဆောင်းကို သွားသတိရမိသည်။

ပထမကတော့ သူတို့နှင့် သိသည့် ရွှမ်ယွီဟိုတယ်တွင် နေဖို့ တွေးလိုက်သေးသည်။ ဒါပေမယ့် အဲဒိကို သွားသည့် လမ်းမှာတင်ပင် လမ်းပေါ်က လူတွေက တဖြည်းဖြည်းနှင့် ပိုများပြားလာတယ်လို့ ကြားမိလိုက်ရသည်။ ကြက်ပျံမကျ ပြုံတိုးနေသည့် နောက်တော့ အဲဒိမှာလဲ အခုလောက်ဆို လူပြည့်နေလောက်ပြီဟု တွေးမိသည်နှင့် ရွေးချယ်စရာ မရှိတော့တာကြောင့်သာ ဝူဆောင်းဟိုတယ်ကို လာရတော့သည်။

The Legendary Master's Wife (MM 663 ~ 731)Место, где живут истории. Откройте их для себя