အခန်း ၇၀၀

2.3K 472 5
                                    

Chapter 700: Released

အရိုးဖြူမြို့

ထျန်းကူ၏ ကာကွယ်ပေးမှုအောက်တွင် လက်ရှိအရိုးဖြူမြို့မှာ ယခင် ခြောက်သွေ့နေသော အရိုးဖြူမြို့နှင့် လားလားမျှ မဆိုင်ပေ။ မြို့ရှိ လမ်းများမှာလည်း ချဲ့ထွင်လားကာ မြို့မှာလဲ ယခင်မြို့နေရာထပ် နှစ်ဆ ကြီးမားကာ သွားလာ လှုပ်ရှားနေသော လူများ ဖြင့် စည်ကားလှကာ ပျော်ရွှင်စရာ အတိပြည့်စုံနေသည်။

ဝမ်၏ တည်းခိုခန်းအအိုအဟောင်းလေးမှာလဲ ဟိုတယ်အကြီးစားကြီး ဖြစ်လို့နေသည်။ နေ့စဉ်နေ့တိုင်း တည်းခိုနေသော ဧည့်သည်များနှင့် စီးပွားရေး ကောင်းမွန်လှပြီး မြို့ထဲမှ အကြီးမားဆုံးဟိုတယ်ကြီးတောင် ဖြစ်လို့သွားသည်။

ဟိုတယ်ကြီး၏ ဒုတိယထပ်ရှိ ဟိုတယ်၏ အကြီးမားဆုံးသော ဇိမ်ခံအခန်းကြီးထဲတွင်တော့ ယူရှောင်းမိုက သူ့ရှေ့ကိုလူကိုသာ ကြည့်နေသည်။ လူများမှာ တစ်ယောက် နှစ်ယောက် မဟုတ်ပဲ အဖွဲ့လိုက်ကြီး ဖြစ်သည်။ နောက်ဆုံးတော့ သူ မနေနိုင်တော့ပဲ မေးလိုက်သည်။ “ဖီးနစ်မျိုးနွယ်စုက တွေ့မယ်လို့ပဲ ပြောထားတာ မဟုတ်ဘူးလား ။ ဘာလို့ နဂါးစစ်မျိုးနွယ်ရော လိပ်နက်မျိုးနွယ်ရော ပါလာတာလဲ”

လိပ်ပေါက်လေးကို ရွှမ်ကျုံး၏လက်ထဲတွင် တွေ့လိုက်တာမို့ လိပ်နက်မျိုးနွယ်ပါလာသည်ကို သူနားလည်နိုင်သည်။ ဒါပေမယ့် လိပ်ပေါက်လေးက လူပုံစံမဟုတ်ပဲ လိပ်အသွင်နှင့် ပါလာတာ ဖြစ်သည်။

သူ့ကို တွေ့လိုက်သည်နှင့် လိပ်ပေါက်လေးက ရွှမ်ကျုံး၏ လက်ထဲမှ ရုံးကန်ကာ ယူရှောင်းမိုကိုယ်ပေါ်ကို တက်ချင်နေသည်။ သို့သော်လည်း ရွှမ်ကျုံးက သူ့ရဲ့ မြစ်ကလေးကို လွှတ်ပေးလိုက်လို့ မရသလို လွှတ်လဲမလွှတ်ပေးပေ။

“င့ါကြည့်လဲ ဘာမှ မထူးဘူး” လင်းရှောင်က ပြတ်ပြတ်ပဲ ပြောလိုက်သည်။ ဟုတ်သည်လေ သူတို့ နေလာတာ နှစ်ပေါင်းမှ မနည်းတာ။

“ရောင်းရင်းယူ၊ ပဋိဥာဏ် ကိစ္စ ဖြေရှင်းပြီးရင် အခြားကိစ္စတွေ ကျန်သေးတယ်လေ။ ကျုပ်တို့ လာတဲ့ အကြောင်းလဲ သိနေတာပဲ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် နင်ယွီက ကျုပ်တို့ရွေးထားတဲ့ ဆက်ခံသူပဲ။ သတ်မှတ်ချက်တွေ အားလုံးနဲ့လဲ ကိုက်ညီတယ်။ အဲဒိတော့ ဘာမှသာ မှားမှားယွင်းယွင်း မဖြစ်ဘူးဆိုရင် သူက အောင်မြင်သွားမှာ” ကျီနင်ယွီကိစ္စကို တည့်တိုးပဲ ပြောလိုက်သည်။

The Legendary Master's Wife (MM 663 ~ 731)Tahanan ng mga kuwento. Tumuklas ngayon