Extra 3

2.5K 488 4
                                    

Chapter 716 (Extra 3) : Arrival and Thanks  

“သူတို့ မင်းကို ဒီလောက် ရှောင်ဖယ်ထားတာတောင်မှ ဘာလို့ အလုပ်တွေ အရမ်းကြိုးစားနေသေးတာလဲ” လူငယ်လေး ဆွဲခေါ်ထားခြင်း ခံထားရသည့် ဟယ်ပင်ဆီက စကားသံ ထွက်လာခဲ့သည်။ သူ့အသံက ပြောဖို့ မရည်ရွယ်ထားသလို မတော်တဆ ပြောမိသလိုပေမယ့် သူ့လေသံထဲမှာတော့ စိတ်ကို ညှိနေသလို အရိပ်အယောင် ပါနေသေးသည်။

ဟိုနှစ်ယောက်က သူ့ ငါကြည့် ငါ့သူကြည့် ဖြစ်သွားသည်။

လူငယ်လေးက ခေါင်းလေး တိမ်းကာ ဝေခွဲမရသလိုမျိုး “အရမ်းကြိုးစားနေပုံ ပေါက်နေလို့လား”

ဟယ်ပင် “……”

မဟုတ်ဘူးလား?

ငမန်းဖြူအဖွဲ့သား များက သူတို့၏ ပျော့ကွက်များ ဖြစ်ကြမှာ စိုးရိမ်ကာ ရေထဲကနေ ထွက်ပြေးကြသည်။ သူတို့ နှစ်ယောက်တည်းကသာ သူတို့ အသက်များက ပဓာန မကျသလိုမျိုး သူ့တို့ကို လိုက်ဖမ်းကြသည်။ ပိုအရေးကြီးတာက ဒီအချက်မဟုတ်ပဲ သူတို့နှစ်ယောက်စလုံးက သူပြောလိုက်တာ၏ စကားအဆုံးပိုင်းကိုသာ အာရုံစိုက်နေကြသည်။

“အဆင်ပြေပါတယ် ဒီလောက်လွယ်နေတာကို” လူငယ်လေးက သူ့ရည်ရွယ်ပြောတာကို နားမလည်ပဲ ဘာမှ မဖြစ်သလိုပဲ “အဲ ကျွန်တော်ပြောချင်တာက ပညာရှင်တွေက ရေမိစ္ဆာလောက်ကို ကြောက်မယ်များ ထင်နေတာလား”

ဒီစကားသာ ထုံထျန်းတိုက်မကြီးကို ရောက်သွားရင် ခွက်ထိုးခွက်လန် အရယ်ခံနေရတော့မည်။

“မင်းတို့တွေ စိတ်မဆိုးဘူးလား” ဟယ်ပင်က ထပ်ကာ ခြောက်ကပ်ကပ် မေးလိုက်သည်။

လူငယ်လေးက မျက်ခုံးပင့်ကာ “ဘာကို စိတ်ဆိုးရမှာလဲ”

ဟယ်ပင် ပြောစရာ စကား ပျောက်သွားပြန်သည်။ ဘာလဲ တုံးချင်ယောင်ဆောင်နေတာလား ဒါပေမယ့် သူ့ရဲ့ စိတ်ရင်းနဲ့ ပြောနေသည့် မျက်နှာလေးကို မြင်လိုက်ရတော့ ဘာမှန်းတောင်မသိတော့။

“ကဲကဲ ဆော့နေတာတွေ တော်လောက်ပြီ။ တကယ့် အတည်ပေါက် ကိစ္စတွေ လုပ်ရတော့မယ်” နောက်ဆုံးတော့ အရပ်ရှည်ရှည်နှင့် လူဆီက အလိုလိုက်ထားသည့် လေသံနှင့် ရယ်သံထွက်လာသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now