အခန်း ၇၀၈

2K 449 14
                                    

Chapter 708: Caught Up

အခန်း ၇၀၈ မိပြီ

ထိုအသံကို ကြားသည်နှင့် အင်အားကြီးအဖွဲ့ ခုနစ်ခုမှ ပညာရှင်များ၏ မျက်နှာများ ပျက်ယွင်းကုန်သည်။ ဖြစ်နိုင်ချေများကို တွေးထားပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတော့ တကယ်တမ်းမှာ အသင့် ရှိမနေပေ။ အခုတော့ သူတို့၏ စိတ်ဝိဥာဉ်များမှာလည်း လင်းရှောက်ယီကြောင့် တုန်ရီသွားမှာ အသေအချာပင်။

ဒီလို ခံစားမှုမျိုးက အမှားအယွင်းမခံချေ။

လိပ်နက်မျိုးနွယ်စုအတွင်းမှ ရှေးစစ်ပွဲကို တွေ့ကြုံခဲ့ရသူ တစ်ဦးမှာ စိတ်တွေ လှုပ်ရှားလာသလို လက်များလည်း တုန်ရီလာသည်။ နန်းတော်ရှိရာကို မျက်လုံးကြီးပြူးကာ ငေးရင်း ပါးစပ်ကလဲ “ဟိုလူ … ဟိုလူ ပြန်လာပြီ…”

သူ့အသံက တိုးသော်လည်း သူ့အနီးအနားက လူများကတော့ ကြားနိုင်နေသေးသည်။

သူ့တို့ ရင်ထဲ နှလုံးထဲကနေ မေးခွန်းတစ်ခု ထွက်လာတော့သည်။ အဲဒါ ဘယ်သူလဲ?

“အတွေးလွန်မနေကြနဲ့။ မြန်မြန် သွားမယ်” နဂါးစစ်မျိုးနွယ်စုမှ ကျင့်ကြံရေးသမားများလည်း စိုးရိမ်စိတ်အပြည့်နှင့် ဖြစ်လာသည်။ ဤနေရာတွင် ရောက်ရှိနေသော နဂါးစစ်မျိုးနွယ်ဝင်မှာ သိပ်မကြားလှသော်လည်း အကုန်လုံးမှာ အဆင့်မြင့် ကျင့်ကြံသူများပဲ ဖြစ်သည်။ သူတို့ အကုန်လုံး ဒီမှာတင် သေဆုံးသွားပါက နဂါးစစ်မျိုးနွယ်ဝင်အတွက် ဆုံးရှုံးမှုက အကြီးကြီးပင်။

ပင့်ကူနက်နှင့် ချီလင်မျိုးနွယ်စု ပေါင်းလိုက်လျှင်တောင်မှ သူတို့၏ အင်အားစုကြီးနှင့် ဆိုလျှင် လင်းရှောက်ယီ အပါအ၀င် အားလုံးကို နှိမ်နင်းနိုင်မည်ဟု သူတို့ က ယုံကြည်ထားသည်။ လင်းရှောက်ယီက ဘယ်လောက်ပဲ စွမ်းသည်ဆိုဆို ကြယ်ခုနစ်ပွင့် အထွတ်အထိပ်ပဲ ရှိတာကြောင့် သူတို့နှင့် အဆင့်တူတာကြောင့် သူတို့အနေနှင့် လင်းရှောက်ယီ တစ်ယောက်တည်းကို မနှိမ်နင်းနိုင် ဆိုတာ မဖြစ်နိုင်ပေ။

သို့သော်လည်း ထို တွက်ဆမှုအားလုံးက လင်းရှောက်ယီ ကြံစည်သမျှ မအောင်မြင်နိုင်ဟူသော ခေါင်းစဉ်အောက်မှာ ဖြစ်နိုင်သည်များ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဆိုသည့် အဆင့်မှာ လွယ်လွယ်နှင့် မရောက်နိုင်မှန်း လူတိုင်းလဲ သိကြသည်။ တကယ့် အချိန်ကြီးကျမှ လင်းရှောက်ယီက ကံကောင်းပြီး အဆင့်တက်သွားလိမ့်မည်ဟုတော့ သူတို့ မတွေးမိခဲ့ပေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now