အခန်း ၆၉၈ ရောသမမွှေ

2.7K 523 13
                                    

Chapter 698: Blending

အပိုင်း ၆၉၈ ရောသမ မွှေ

လင်းရှောက်ယီ အာဏာရပြီး ချီလင်မျိုးနွယ်စု၏ ချီလင်အရှင်သစ် ဖြစ်သွားသည် ဆိုသည့် သတင်းမှာ ရှီကျင်းနယ်အတွင် အလျင်အမြန် ပျံနှံ့သွားသည်။ ထိုသတင်းကို ကြားသူတိုင်း မယုံကြည်ကြချေ။

သို့သော်လည်း သိပ်မကြာခင်ပင် ချီလင်အရှင် သေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးသည့် အပြင် ချီလင်အရှင်ကို လင်းမင်က သတ်လိုက်သည် ဆိုသည့် သတင်းကို လင်းရှောက်ယီက ထုတ်ပြန်လိုက်သည်။ လင်းမင်မှာ ချီလင်မျိုးနွယ်စု၏ သစ္စာဖောက်ဖြစ်ပြီး ချီလင်အရှင်အတွက် သွေးကြွေးဆပ်သည့် အနေဖြင့် လင်းမင်ကို သတ်မည်ဟု လင်းရှောက်ယီက သစ္စာတောင် ပြုလိုက်သေးသည်။

ထိုသတင်းက ဖီးနစ်မျိုးနွယ်စုနှင့် အခြားမျိုးနွယ်စု နှစ်ခုလုံးအပါအ၀င် လူအမြောက်အများကို အထိတ်တလန့်ဖြစ်သွားစေသည်။

မျိုးနွယ်စု သုံးခု၏ လူကြီးများမှာ ချီလင်အရှင် ဒါဏ်ရာ ရထားသည့် အကြောင်းနှင့် ပြန်လည်ကုစားနေသည့် အကြောင်း အနည်းနှင့် အများတော့ သိထားကြသည်။ သို့သော်လည်း အိပ်ပျော်နေသည့် ကျားမှာ ကျားတစ်ကောင်ပဲ ဖြစ်ဆဲမို့ လူတော်တော်များများက ချီလင်အရှင်ကို လျော့မတွက်ရဲကြပေ။

ရှေးစစ်ပွဲကြီးတွင် လူအမြောက်အများကို သတ်ဖြတ်ခဲ့သည့်သူက သေသွားပြီ ဆိုလို့ ဘယ်သူကရော တွေးမိမည်နည်း။

တကယ်တမ်း သူတို့တွေ လန့်ဖြန့်သွားရသည်က လင်းရှောက်ယီ၏ လုပ်ကွက်ကြောင့်ပဲ ဖြစ်သည်။ မျိုးနွယ်စု သုံးခုတွင် ဘယ်သူကမျှ ရူးနေသူ မပါပေ။ လင်းရှောက်ယီ၏ သတင်းများကို အပြည့်အ၀ ယုံကြည်မနေကြပေမယ့် ရှစ်ဆယ် ကိုးဆယ် ရာခိုင်နှုန်းတော့ ယုံကြည်ကြသေးသည်။ သူက တစ်ခုခုကို သိထားလို့သာ အခုချိန်တွင် အထက်စီးက ရဲရဲဝံ့ဝံ့ပြုနေတာပဲ ဖြစ်ရပေမည်။

ရှေးသားရဲမျိုးနွယ် လေးခု ထဲတွင် ချီလင်မျိုးနွယ်က ဦးဆောင်သူ ဖြစ်နေရခြင်းမှာ  ချီလင်မျိုးနွယ်၏ ကြံကြံခံ အပင်ပန်းခံကာ ဇွဲနဘဲ ကြီးသည့် အကြောင်းပြချက် အပြင် ချီလင်အရှင်ကြောင့် ဆိုတာလဲ အကြောင်းပြချက် တစ်ခု အနေနှင့် ပါဝင်နေသည်။ ချီလင်အရှင်က ချီလင်မျိုးနွယ်၏ ပြယုဒ် ကို ကိုယ်စားပြုသလို သူ၏ တည်ရှိမှုကိုက သစ္စာဖောက်မည့်သူ အတော်များများကို တားဆီးနိုင်သည်။ လင်းရှောက်ယီက ချီလင်အရှင်၏ သေဆုံးသည့် သတင်းကို ထုတ်မပြသင့်ဟု ပြောလျှင် ပိုပြီး ဆီလျော်လိမ့်မည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now