အခန်း ၆၆၆

3K 645 21
                                    

အခန်း ၆၆၆: Wrecking A Good Thing

ထိုအမျိုးသမီက လူထု၏ ဖိအားကြားထဲတွင် ကြံ့ကြံ့ခံ ရပ်နေကာ နည်းနည်းလေးမှတောင် အမူအယာ မပြောင်းပဲ ခပ်တည်တည် ကြေညာလိုက်သည်။ “ကျွန်မက ဒီနဂါးဂျင်စင်းမြက်ကို အဆင့်ခြောက် ဆေးနည်းနဲ့ လဲချင်တယ်။ လူတစ်ယောက်ရဲ့ အသက်ရှင်နှုန်းကို မြှင့်ပေးနိုင်တဲ့ ဆေးနည်းမျိုးလိုချင်တာပါ”

အဲဒါကို ကြားသည်နှင့် လူအုပ်ကြီးက ဝေါခနဲ ဖြစ်သွားပြန်သည်။

သူ(မ)က တကယ်ကြီး နဂါးဂျင်စင်းမြက်ကို အဆင့်ခြောက်ဆေးနည်းနဲ့ လဲချင်နေတာလား? ဒီဆေးပင်ကို သုံးရလောက်အောင်ဘယ်သူရဲ့ အသက်ကရော အဲလောက်ရှည်မှာ မို့လို့လဲ? လာ စိတ်ကူးယဉ်နေတာပဲ။

တော်တော်များကလည်း ဒီအလှဲအလှယ်ကြီးက ယုတ္တိမရှိဘူးလို့ ခံစားကြသည်။ နဂါးဂျင်စင်းမြက်ပင်က မြင်ရခဲလှသည့် အဆင့်မြင့်ဆေးပင် ဆိုလျှင်တောင်မှ အဆင့်ခြောက်ဆေးနည်းနှင့် လဲလှယ်ရအောင် သူရဲ့တန်ဖိုးက အရမ်းနိမ့်နေသေးသည်။ ပြီးတော့ အဆင့်ခြောက်ဆေးနည်းဆိုတာက ရှားလွန်းလှသည်။ လဲချင်သည့်သူ ဘယ်သူမှ ရှိမှာတောင် မဟုတ်ပေ။

ခန်းမကြီးက တိတ်ဆိတ်သွားကာ အားလုံးက အတွေးကိုယ်စီနှင့် ငြိမ်သွားသည်။

ဆယ့်ငါးမိနစ်ကြာသည့်အချိန်ထိ ထိုအမျိုးသမီး၏ အလဲအလှယ်ကို တုန့်ပြန်သည့် သူဘယ်သူမှ မရှိသေးပေ။

ယူရှောင်းမိုက သူများတွေကို ကြည့်လိုက်သေးသည်။ ထိုအမျိုးသမီး၏ တောင်းဆိုချက်က သူ့အတွက်တော့ဘာမှကို မဟုတ်ပေ။ သူ့မှာက အဆင့်ခြာက်ဆေးနည်းတွေက သူ့လက်ထဲမှာ အများကြီးဆိုတော့ တစ်ခုလောက် ထုတ်လဲဖို့က သူ့အတွက် ဘာမှ နစ်နာမှုရှိမနေ။

အမျိုးသမီးက စိတ်မဝင်စားကြတာကို ကြုံလိုက်ရပေမယ့်လဲ ဘယ်သူမှ မှ လာမမေးတာကိုတော့ စိတ်ပျက်နေသေးသည်။ သက်ပြင်းအသာချကာ ဆေးသေတ္တာကို ကောက်သိမ်းပြီး သူ(မ)၏ သိုလှောင်အိတ်ထဲ ထည့်ကာ ပြန်ရန် ပြင်တော့မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“နေပါဦး”

အားလုံး အကြည့်တွေက အသံလာရာကို လှည့်ကြည့်ကြတော့ လူနှစ်ယောက် ခြံရံကာ အထဲကို ဝင်လာသည့် ဝတ်ရုံနက်ခြုံထားသော လူတစ်ယောက် ကို မြင်လိုက်ရသည်။ သူတို့၏ အသံအရဆိုလျှင်တော့ ဒါက မိန်းကလေး တစ်ယောက်သာ ဖြစ်လိမ့်မည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now