အခန်း ၆၆၉ Undivided Attention

3K 626 35
                                    


ဒီမြင်ကွင်းက ပြိုင်ကွင်းအနီးအနားက ပရိသတ်တွေရဲ့ အာရုံကိုသာ ဖမ်းစားနိုင်သွားတာတင်မကဘူး ဒိုင်လူကြီးတွေကိုပါ ထူးဆန်းတဲ့ အမူအယာတွေ ဖြစ်တည်သွားအောင် လုပ်နိုင်စွမ်း ရှိသွားသည်။ ပြိုင်ကွင်း သုံးဆယ့်သုံးမှာတင် ကြယ်အဆင့်မြင့် ပညာရှင်နှစ်ယောက် ကျသွားမယ်လို့ မထင်ထားဘူးလေ။ အခုဆို အခြားပြိုင်ကွင်းက ပြိုင်ပွဲဝင်တွေတော့ ပျော်နေနှင့်ပြီ။

“ပွဲကြီးပွဲကောင်းပဲဟေ့” အခြားသူတွေ ဒုက္ခရောက်တာ မြင်တာနဲ့ ပျော်နေသူ တစ်ယောက်ဆီကအသံထွက်လာသည်။ သူ့လေသံကတော့ ကမ္ဘာကြီး လောင်မီးကျနေတာတောင် သူကတော့ ပျော်ရွှင်နေမည့် လေသံကြီးနှင့်။

“ပင့်ကူနက်ရဲ့ ကြာပန်းဖြူလေးက ကူမားဂိုဏ်းက အပျိုစင် ဇူးမားတဲ့။ သူ(မ)ရယ် လင်းရှောင်နဲ့ ယူရှောင်းမိုကြားထဲမှာ အခဲမကြေမှုတွေ ရှိတယ်လို့ ကြားဖူးတယ်။ တုံကျိုးမှာ ဖြစ်တဲ့ ရန်ပွဲကို မှတ်မိသေး တယ်မလား။ ရန်သူတွေဆိုတာ လမ်းကျဉ်းလေးမှာ တွေ့တယ်ဆိုတာ အမှန်ပဲ ။ ပထမပွဲမှာထဲက ထိပ်တိုက်တွေ့တာပဲ”

“ငါကတော့ ကြည့်ကောင်းဖို့ မျှော်နေပြီကွ”

ကံအကောင်းဆုံး သုံးဆယ့်သုံးလို့ သိထားကြသည့် သူတစ်စုကတော့ အခုချိန်မှာ ကံဆိုးမိုးမှောင်ကျသူတွေ ဖြစ်ကုန်သည်။

အစတုန်းကတော့ စင်ပေါ်မှာ အားရပါးရ ဆင်နွှဲမယ်လို့ ပြင်ထားတဲ့ သူတွေလဲ အခုကျတော့ ပြိုင်ကွင်းရဲ့ ထောင့်လေး တစ်ခုမှာ ကုပ်ကာ ဟိုလူနှစ်ယောက်ရဲ့ ဖိအားတွေ ခံနိုင်ဖို့ အားတင်းနေရသည်။

ထုံထျန်းတိုက်မကြီးမှာတော့ အဆင့်ခြောက်မှော်ဆရာဆိုတာ အထွတ်အထိပ်ပင်။

ဒီတစ်ခေါက် မှော်ဆရာ စုဝေးပွဲကို တက်ရောက်သည့် သက်တန့်မှော်ဆရာတွေက အရည်အတွက် များပြားပေမယ့် အဆင့်ခြောက် မှော်ဆရာ အရည်အတွက်ကတော့ လက်တစ်ဖက်တည်းနှင့် ရေတောင် ရနိုင်သည်။ သူတို့ထဲက နှစ်ယောက်က ပြိုင်ကွင်းတစ်ခုထဲမှာ ကျရောက်နိုင်ချေက အလွန်နည်းသည်။ ပြီးတော့ ဒါက နောက်ဆုံးပိတ် ပြိုင်ကွင်းကြီးလေ။ သူတို့ကံတော့ အဆိုးကြီးတော့ မဟုတ်လောက်ဖူးလို့သာ ပြောနိုင်တော့သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now