အခန်း ၇၁၀ စွမ်းအင်များ ထိတွေ့

2.3K 460 12
                                    

Chapter 710:  Colliding Energies

အနောက်မှ အသံမှာ တော်တော်လေး အာရုံဖမ်းစားနိုင်တယ် ဆိုပေမယ့် ယူရှောင်းမိုကတော့ မကြားပေ။ သူ့တစ်ခေါင်းလုံးမှာက အပေါ်က လူနှစ်ယောက်နှင့် ပြည့်နှက်လို့နေသည်။ တစ်ဖက်လူက သူ့နား နားကပ်ပြီး အသားကုန် အော်မှသာလျှင် လန့်ပြီး ထခုန်တော့သည်။ အနီးကပ် တွေ့တော့မှသာလျှင် သူ့ဘောလုံးအသင်းက တစ်ယောက် မကျန်ပါနေမှန်း သိတော့သည်။ 

“မင်းတို့ တစ်ယောက်မှ မသွားကြသေးဘူးလား” ယူရှောင်းမို အလိုလို မေးမိသွားသည်။

လူဆယ်ယောက်ကျော် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး တွန့်နေသည်။ နောက်ဆုံးတော့လဲ ရှယ်ချူ က အားလုံး ကိုယ်စားပြုပြီး ရှေ့တက်လာကာ သသက်၀၀ တစ်ချက်ရှိုက်ကာ “ဆရာတို့ မပါပဲနဲ့ ဘယ်လိုလုပ် သွားလို့ရမှာလဲ”

“ဘာလို့ မရမှာလဲ” ယူရှောင်းမို က မျက်စိပေကလပ် ပေကလပ် ဖြစ်သွားသည်။ 

ရှယ်ချူ သက်ပြင်းချလိုက်သည်။ “ဘာလို့ဆိုတော့ ကျွန်တော်တို့က ဆရာ့နဲ့ ပဋိဥာဉ်စာချုပ် ချုပ်ထားတဲ့ သားရဲတွေလေ ပြီးတော့ ဆရာက ဆရာလေ”

ဖျံနီညို သားရဲအပြင် အခြားသောသားရဲများမှာ လင်းမင်နှင့် အတူ အရင်ရောက်နေတာပင်။ တစ်ယောက်ချင်းစီတိုင်းက ထျန်းကုံ အဖွဲ့ဝင်များဟု ခေါ်လို့ ရနိုင်လေသည်။ သူတို့ ဒီတိုက်ပွဲတွင် တော်တော်လေး အားထဲ့ရခြင်းမှာလဲ လင်းရှောက်ယီက သူတို့ဆရာနှင့် ရန်စက ရှိနေသည်။ ကံကောင်းစွာနှင့် သူတို့စွမ်းအား များ တော်တော် တိုးတက်လာတာကြောင့် ပင့်ကူနက်အဖွဲ့ဝင် တော်တော်များများကို လက်စသတ်နိုင်လိုက်သည်။ ဒါဏ်ရာတွေ ရထားပေမယ့်လဲ ကြီးကြီးမားမား အတားအဆီးတော့ မရှိပေ။

ယူရှောင်းမိုက သူတို့ကို ကြည့်နေရင်းနှင့်မှပင် သူ သားရဲတွေ အများကြီးကို စာချုပ်ချုပ်ထားမိမှန်း ပထမဆုံး အကြိမ်အဖြစ် သဘောပေါက်မိသွားသည်။

သူ့ ရဲ့ သားရဲတွေ အကုန် တန်းစီပြီး ရပ်နေတော့မှပဲ သူနှင့် အခုယာယီ စာချုပ်ပယ်ထားသည့် ကြက်ပေါက်ရယ် ဒီမှာ ရောက်နေလား မရောက်နေလား မသိသည့် လိပ်နက်ပေါက်ရယ် ကလွဲလျှင် အခုလက်ရှိ ဆယ့်တစ်ယောက် ရှိနေတာမို့ ဘောလုံးအသင်း ထောင်လို့ရနေပြီ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now