အခန်း ၆၇၁ ပူးပေါင်းမှု

3.5K 605 12
                                    

အခန်း ၆၇၁ ပူးပေါင်းဆောင်ရွက်ခြင်း

သူတို့ နှစ်ဦးသား ဝူဆောင်းဟိုတယ်ရောက်ချိန်တွင် ပိုင်ရှင်က သူတို့ကို ရှာနေသူ ရှိတယ်ဟု အကြောင်းကြားကာ သူတို့ကို အခန်းထဲတွင် စောင့်နေကြောင်း ပြောကြားလေသည်။

ယူရှောင်းမိုက အံ့သြသွားရသည်။ ဒီနေ့လို အချိန်ကြီးမှာ ဘယ်သူက သူတို့ကို လာရှာမှာလဲ? သူတို့ ပြန်ရောက်တော့မှပဲ အဲဒိတော့မှပဲ အဲဒါက ကျုံးယဲ့နှင့် ချောင်ဝူရှင်းမှန်း သိတော့သည်။

သူတို့ နှစ်ယောက် ပြိုင်ပွဲပြီးသည်နှင့် ရောက်လာကြတာပင် ဖြစ်သည်။ တော်တော်လေး ပြင်းထန်တဲ့ ပြိုင်ပွဲပေမယ့်လည်း သူတို့ နှစ်ယောက်စလုံး ကျော်ဖြတ်နိုင်ခဲ့သည်။ ပြဿဒ်အဆောင်ကြီးက ကြီးလွန်းတာရယ် ယူရှောင်းမိုစိတ်ကလဲ ပြိုင်ပွဲပေါ်မှာ ပဲ ရှိတာ ကြောင့်ရယ်ကြောင့် ပြီးသွားတာနှင့် လင်းရှောင်ကို ပြိုင်ပွဲအကြောင်း ပြောရင်း ပြန်လာတာပင်။ သူ သတိရတဲ့ အခါလည်း ကျရော ဟိုတယ်တောင် ပြန်ရောက်နေပြီလေ။

ကျုံးယဲ့နှင့် ချောင်ဝူရှင်းကလည်း သူ့ပထမပွဲစဉ်နိုင်လို့ ဝမ်းသာစကား လာပြောတဲ့အပြင် တစ်လက်စတည်း နောက်တစ်ပွဲမှာ ဘာအကြောင်းပြိုင်မယ်ဆိုတာ ပြောမလို့ ဖြစ်သည်။

သူတို့၏ ဆရာတွေက ဒိုင်လူကြီးတွေ လုပ်နေကြတာမို့ သူတို့က ကျုံးယဲ့နှင့် ချောင်ဝူရှင်းကို နောက်တစ်ပွဲက ဘာအကြောင်းပြိုင်မယ် ဆိုတာကို ကွက်တိကြီး မပြောပေမယ့်လည်း အရိပ်အမြွက်တော့ ပြပေးသေးသည်။ သူတို့ နှစ်ယောက်ကလည်း အရမ်းကို သွက်တာမို့ ဘာလဲ ဆိုတာ သိရဖို့ကို သိပ်မစဉ်းစားရပေ။

လင်းရှောင်က ချောင်ဝူရှင်းနှင့် ကျုံးယဲ့တို့ကို စိုက်ကြည့်ကာ ကောက်ခါငင်ခါ ထထက်ပြီးတော့ “မင်းတို့ နှစ်ယောက် ဒါလေးတင် ပြောဖို့ လာတာတော့ မဟုတ်ဘူး မလား”

ချောင်ဝူရှင်း နှင့် ကျုံးယဲ့တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်ကြကုန်သည်။ သူတို့က လင်းရှောင်က ဒီလောက် ထက်မှန်း သိပေမယ့် ဒီလောက်ထိတောင် ထက်လိမ့်မယ်လို့ မထင်မိပေ။ ဒါပေမယ့် သူတို့ နှစ်ယောက်စလုံးကတော့ အံသြသွားတာကို ဘယ်သူမှ မပြပေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now