Extra 2 : အလစ်ဝင်တိုက်

2.6K 457 19
                                    

Chapter 715 (Extra 2) : Surprise Attack

ကျွန်းမှာ ရေများသာ ပတ်လည်ဝိုင်းလို့ထားသည်။ ဒီကျင့်ကြံသူများ ဆိုသည်မှာ မိုးပျံနိုင်သလို ဘာမဆို အကုန် လုပ်နိုင်သူများ ဖြစ်သည်။ ဤမျှ လုံခြုံရေးတင်းကြပ်လှသော အကျသ်းထောင်မှသာ လွှတ်မြောက်သွားလျှင် သူတို့ အလိုရှိရာ ကုန်းမြေကို ပြန်သွားနိုင်ကြသည်။ သူတို့တွေ ရောက်ရှိသည်ကို သိသည်နှင့် အကျဉ်းထောင်မှ ၀န်ထမ်းများ က ချက်ချင်းကို အကျဉ်းသားကို ခေါ်လာကြသည်။

အကျဉ်းသားမှာ လူအများ ထင်ထားသလို ခက်ထန်ကြမ်းတန်းသည့် ပုံစံမျိုး မဟုတ်ပါပဲ ပိန်ပိန်ပါးပါး လေတိုက်လျှင်တောင် လဲကျသွားတော့ မည့် အလား ထင်ရသည့် အသက်သုံးဆယ် ၀န်းကျင် လူ့ဖလံလေး ဖြစ်နေသည်။ သူ့လက်များကို လက်ထိတ် တစ်စုံခတ်ထားသည်။ ထိုလက်ထိတ်ကို မည့်သည့် အရာသုံးပြီး ပြုထားသလဲ ပြောနိုင်ပေမယ့် ကျင့်ကြံရေးသမားများကိုတောင် ခတ်ထားနိုင်သည် ဆိုတော့ တော်တော်လေး ခိုင်မှန်းတော့ မှန်းဆလို့ ရသည်။

ဂျွန်ဆန်က အကျဉ်းသား လွှဲပြောင်းသည့် လုပ်ငန်းစဉ်များကို လုပ်အပြီးတွင် ကျွန်းကနေ သဘောင်္နှင့် ပြန်လည် ထွက်ခွာလာကြသည်။ လာသည့် သူများမှာ ကျင့်ကြံသူများ ဖြစ်သဖြင့် ပျံသန်းနိုင်ကြသော်လည်း ယခုနေရာလို လူအလွန်နည်းပါးသော နေရာတွင်ပင် သေချာ ဂရုထားရသည်။ မဟုတ်ပါက လူမြင်သွားခဲ့သည် ရှိသော် ကိစ္စက အကြီးကြီး ဖြစ်လို့သွားလိမ့်မည်။

“ကပ္ပတိန်၊ ဒီလူက ဘာလိုမျိုးမို့လို့ လူဆယ်ယောက်တောင် သုံးရတာလဲ” သဘောင်္အခန်းထဲ ထွက်လာသော ကျောက်လုံက ဝေခွဲမ၇ မေးလိုက်သည်။

သူမေးတာကို ကြားလိုက်တော့ အားလုံး အကြည့်တွေက ကုန်းပတ်ပေးတွင် မတ်တပ်ရပ်နေသော ဂျွန်ဆန်ဆီသို့ ရောက်သွားကြသည်။ သူတိုလဲပဲ သိချင်တယ်လေ။ အခုချိန်တွင် ဒီအပြစ်သား၏ အမည်မှာ ဟယ်ပင် ဟု သာ သိထားကြသည်။ သူက တချိန်တုန်းက သန်ဒါအကယ်ဒမီ၏ ဆရာတစ်ဦးဖြစ်ခဲ့ပြီး ကျောင်းသားများကို သတ်ခဲ့သည်။ သူ့ပြစ်မှုက ဘယ်လောက်ထိ ကြီးလေးသလဲ သူတို့ မသိပေမယ့် ဒန်ဒါအကယ်ဒမီက သူတို့ကို ဒီလို ခိုင်းသည်ဆိုကတည်းက ဒါ ထူးခြားသည့် အခြေအနေကြောင့်ပဲ ဖြစ်ရမည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now