အခန်း ၇၀၉

2.7K 518 40
                                    

Chapter 709: Fight

“လင်းရှောင် မင်းပဲ လုပ်လာပြီပြီလား” လင်းရှောက်ယီ၏ ဒေါသတကြီး အော်ဟစ်သံကြီးက ချီလင်မျိုးနွယ်စု၏ နယ်မြေအတွင်း ဟိန်းထွက်သွားသည်။ ကောက်ခါငင်ခါ ပေါ်ထွန်းလာသည့် နှစ်ယောက်ကို သေလောက်သည့် အကြည့်တွေ ပစ်လွှတ်လိုက်သည်။ ဒီနှစ်ကောင် ပြာကျသွားလျှင်တောင်မှ လင်းရှောင်နဲ့ ယူရှောင်းမို ဆိုတာ သူမှတ်မိသည်။ တကယ့်အချိန်ကျမှ ဒီနှစ်ကောင် ပေါ်လာမယ်ဆိုတာကလည်း သူမထင်ထားတာ ဖြစ်နေပြန်သည်။ သို့သော်လည်း သူ့ကို တကယ်ကြီး ထိတ်လန့်သွားစေတာက ပေါ်လာယုံတင်ကြောင့် မဟုတ်။

လင်းရှောင် ကိုယ်ဆီက ထွက်လာသည့် အားက သူ့ထက် မလျော့တာကို ခံစားမိလို့ ဖြစ်သည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မယုံနိုင်ခြင်းတွေ ဖျတ်ခနဲ တက်လာအပြီးတွင် သူနှင့် ထုံထျန်းဧကရာဇ်တို့ နှစ်ယောက်ပေါင်းပြီး လင်းရှောင်ကို တိုက်ခဲ့တာကို ဗြုန်းစားကြီး အမှတ်ရသွားသည်။

အဆိုပါ အချိန်တုန်းက လင်းရှောင်က သူ့ကိုယ်ထဲတွင် ရှိသော ဗီဇသွေးမျိုး များ၏ စွမ်းရည်ကို ပြခဲ့သည်။ သို့ပေမယ့် ထိုစဉ်က လင်းရှောင်မှာ သူ့လောက် အင်အားမရှီသလို သူ့သွေးမျိုးများ၏ စွမ်းရည်မှာလည်း လင်းရှောက်ယီထက် မသာခဲ့။

အဲဒိတုန်းက ဒါကို သိပ်အာရုံမထားခဲ့ခြင်းကလည်း လင်းရှောင်က အဆင့်ခြောက်ကျင့်ကြံဆင့်သာ ရှိသောကြောင့်ပင်။ သူ့ရည်မှန်းချက်ကလည်း အနန္တတန်ခိုးရှင် ဆိုပေမယ့် သူတို့ကြားက ကွာခြားချက်ကြီးကတော့ ကြီးသေးသည်။ ထို အချိန်က လင်းရှောက်ယီ၏ အကြံအစည်များမှာ အောင်မြင်လုနီးနီး ရှိနေတာကြောင့် လင်းရှောင်က သူ့ကို အမှီလိုက်လာဖို့ နည်းလမ်းရှိသည်ဆိုလည်း သူဘယ်လိုမှ မယုံကြည်ပေ။

အခုတော့ လင်းရှောင်က သူ့ကို အံအားသင့် အရာ အကြီးကြီး ချပြလိုက်ပြီ။

လင်းရှောက်ယီက လင်းရှောင်၏ ပုံ၇ိပ်ကို လှမ်းကြည့်လိုက်သည်။ အိမ်မက် မက်နေသည် ဆိုလျှင်တောင်မှ ဒီလောက်ထိ ကံကောင်းနေစရာ မလို။ တုံကျိုးမှာကလည်းက လက်စတုန်းပစ်လိုက်သင့်တာပင်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now