အခန်း ၆၆၇ စုဝေးပွဲကြီး စတင်လေပြီ

3.3K 629 34
                                    

အခန်း ၆၆၇ စုဝေးပွဲ စတင်ပြီ

ဇူးမားက ပင့်ကူနက်များနှင့် အတူ သူ(မ) တည်းခိုရာ ရွှမ်ယွီဟိုတယ်သို့ ပြန်သွားသည်။ အခန်းထဲ ရောက်ချိန်မှာတော့ ဒေါသကို ထိန်းမထားတော့ပဲ ရေနွေးခွက် ဆီသို့ ကျရောက်သွားလေသည်။

သိပ်တော့ မကျယ်ပေမယ့်လဲ အဆိုပါ အထပ်ကို တာဝန်ကျသည့် ဝန်ထမ်းတွေကတော့ ကြားမိကြသေးသည်။ သို့သော် သူ တံခါးဝသို့တောင် မရောက် အပြင်ဖက်က အစောင့်တွေက သူ့ကို မောင်းထုတ်တာနှင့် ကြုံရသည်။ ဝန်ထမ်းလေးက ပထမတော့ တွန့်စုတ်တွန့်စုတ် ဖြစ်နေသေးပေမယ့် ပျက်စီးသမျှ ပြန်လျှော်ပေးပါမည်ဟု ကတိပေးစကား ကြားရပြီးတော့ ထွက်သွားလိုက်သည်။

"ဘယ်က အကောင်လဲ ငါ့ကို လာရှုပ်ရတာ" ဇူးမားက ဒေါသတကြီးနှင့် အပြင်ဖက်မှာ ဖြူစင်သယောင် သူတော်ကောင်းယောင်ဆောင်သမျှကို ပြောင်းပြန် ယူပစ်လိုက်သလိုကို သောင်းကျန်းလေသည်။ အခုချိန်မှာတော့ မုန်ယိုနေသည့် မိစ္ဆာတစ်ကောင်အလားပင်။

နဂိုကတည်းက ဒီ နဂါးဂျင်းစင်းမြက်က အဆင့်ခုနစ်ဆေးအမည် ဖြစ်ပေမယ့် သူ ရကို ရရမယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်သည်။ သူ(မ)ရဲ့ လက်ရှိစွမ်းအားနှင့် ဆိုလျှင် ဒီစုဝေးပွဲမှာ သူ ပထမနေရာကို အရယူနိုင်သရွေ့ အဆင့်ခုနစ်သို့ တက်သွားမှာပင်။ ကြားကနေ ဖြတ်စားလာဘ်စား လုပ်ခံရလိမ့်လို့ ဘယ်တုန်းကမှ တောင် မတွေးခဲ့မိပေ။

ဇူးမားက ဒါကို ဘယ် လက်ခံနိုင်ပ့ါမလဲ။

နဂါးဂျင်စင်းဆေးပင်က ဘယ်သူမှ မသုံးနိုင်သည့် ထောက်ပံ့ရေးဆေးပင် ဖြစ်နေပေမယ့်လည်း ဒါက အလွန့်အလွန် ရှားပါးလှသော အဆင့်ဆယ့်နှစ် မှော်ဆေးပင် ဖြစ်နေဆဲပင်။ မဟုတ်လို့ကတော့ သူ(မ)က ဘာလို့ အချိန်တွေ အကြာကြီး အကုန်ခံလို့ ဒီ ရင့်တောင် မရင့်သေးတဲ့ အပင်ကို ရှာရမှာလဲ။ ဒါလေးကို ရင့်မှည့်သွားဖို့တောင်မှ နှစ်ကို ထောင်ဂဏန်း စောင့်ရမှာ။ သူ(မ)ကလည်း အကြာကြီး မစောင့်နိုင်သလို ရှောက်ယီကလည်း မစောင့်နိုင်ပေ။

"ငါ့ အကြံကို လိုက်ဖျတ်တဲ့ အကောင်က ဘယ်ကလဲ ဆိုတာ သွားစုံစမ်းစမ်း" ဇူးမားက သူ(မ)ရှေ့မှာ မတ်တပ်ရပ်နေသည့် ထောင်လင်း ကို အမိန့်ပေးလိုက်သည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now