အခန်း ၇၁၃ နောက်ဆုံးပိတ်

4.8K 662 104
                                    

Chapter 713: Grand Finale

အချိန်တွေ ကုန်ဆုံးသည်မှာ မြန်ဆန်လှပြီး သုံးနှစ်တာ ကုန်ဆုံးသွားလေပြီ။

တိုက်ပွဲဖြစ်ပွားရာ နေရာဖြစ်သည့် ရှီကျင်းမှာ စစ်ပွဲအပြီးတွင် နေထိုင်ဖို့ရာအတွက် မဖြစ်နိုင်လောက်သည်လောက် နီးနီးအထိ ပျက်ဆီးသွားရသည်။ အသက်ရှင် ကျန်ရစ်သည့် သားရဲအများစုမှာလဲ ရွေးစရာ မရှိတော့ပဲ အခြားနေရာများသို့ ပြောင်းရွှေ့ခဲ့ရသလို တွင်းပေါက်ကြီးမှာလည်း အခုချိန်ထိ ရှိနေဆဲပင်။

အချိန်တွေ ကြာလာသည်နှင့် ရှီကျင်းသည်လည်း အနည်းနှင့် အများ ပြန်ကောင်းမွန်လာပြီး ယခင်နှစ်များစွာက မငြိမ်သက်မှုများမှာလဲ တဖြည်းဖြည်းနှင့် ပြန်လည် ငြိမ်သက်သွားလေပြီ။ ပြင်းထန်လှသည့် တိုက်ပွဲကြီး အပြီးမှာတော့ ရှီကျင်းရှိ အဖွဲ့ကြီးများမှာလဲ ပြန်ဖွဲ့စည်းရန်နှင့် အနားယူရန်အတွက် ငြိမ်သက်သွားလေပြီ။ အဖွဲ့များမှာ တပည့် တပန်းများနှင့် မျိုးနွယ်ဝင်အချို့ ဆုံးရှုံးလိုက်ကြရတာမို့ နာကျင်ရသော်လည်း သတိတရ ရှိယုံမှတပါး လုပ်နိုင်တာ မရှိပေ။ ထို့အပြင် လင်းရှောင်တို့ လူစုကြောင့်သာ မဟုတ်လျှင် အသေပျောက်မှာ ယခုထက်ကို အဆပေါင်းများစွာ ပိုသေဆုံးသွားနိုင်တာမို့ အားလုံးကလည်း လင်းရှောင်ကို အလွန်ကျေးဇူးတင်ကြလေသည်။

လင်းရှောင်တို့ဆီသို့ ပထမဆုံး ကျေးဇူးတင်ကြောင်း ပြသခဲ့သူမှာ ဖီးနစ်မျိုးနွယ်စု ခေါင်းဆောင်ဖြစ်လေသည်။ သူတို့ အနေနှင့် လင်းရှောင်၏ အမေ ကျီရှုရှင်းကို လွတ်ပေးခဲ့သည်။

ကျီရှုရှင်း တစ်ယောက် မျိုးနွယ်စု စည်းကမ်းများကို ချိုးဖောက်ခဲ့အပြီးတွင် ထောင်ဒဏ်တစ်သက်ကျခံဖို့ ဖြစ်ပေမယ့် လင်းရှောင်အပေါ် သူတို့အနေနှင့် ကျေးဇူးကျွေး ရှိနေသည့် အတွက် ဖီးနစ်မျိုးနွယ်စုအတွင်းမှ လူကြီးများနှင့် ဆွေးနွေးအပြီးတွင် လင်းရှောင်အမေကို လွှတ်ပေးခဲ့ကြသည်။ ယခုအချိန်မှစပြီး သူ(မ)အနေနှင့် လွတ်လပ်သွားပြီ ဖြစ်သလို ဖီးနစ်မျိုးနွယ်စုမှ သူ(မ)ကို ထပ်မံပြီး ချုပ်နှောင်ထားခြင်းမရှိတော့ဟုလည်း ကတိပေးခဲ့ကြသေးသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now