အခန်း ၇၀၁

2.9K 505 10
                                    

Chapter 701: Synchronous Advancement

တစ်လအကြာတွင် အလွန်တရာ ကြီးမားကျယ်ပြန့်လှသည့် တိမ်မည်းတိုက်များက တစ္ဆေသချိုင်းတောင်တန်း၏ ထက်ကောင်းကင်တွင် စုဝေးလို့လာသည်။ တိမ်မည်းများ ကြားတွင် လျှပ်စီးတစ်ဖျတ်ဖျတ် နှင့် မိုးကြိုးများကြောင့် တမုဟုတ်ချင်းပဲ မိုးသည်းထန်စွာ ရွာတော့မလို ထင်ရသည်။ အရိုးဖြူမြို့မှ မြို့ခံများကတော့ ဒီလို မြင်ကွင်းကို ရိုးအီိလို့တောင် နေလေပြီ။

တစ်နှစ်ဆိုသော အချိန်အတွင်းတွင်ပဲ ဒီလို တိမ်မည်းမျိုးကို ဆယ်ကြိမ်မက ကြုံတွေ့ဖူးကြသည်။ အခေါက်တိုင်း အခေါက်တိုင်းဆီကပင် တစ္ဆေသချိုင်းတောင်တန်း၏ အစွန်းရှိ သူတို့ မြို့လေးကနေတောင်မှ အတိုင်းသား မြင်နိုင် ကြားနိုင်သည့် အတွက် တော်တော်လေး သူတို့ကို အံသြနဘန်း ဖြစ်စေသည်။ အစတုန်းကတော့ ထိုတိမ်တိုက်များ အရိုးဖြူမြို့တစ်ဝှမ်း တော်တော်လေး ဂယက်ရိုက်စေကာ ကမ္ဘာကြီးအဆုံးသတ်တော့ မလားဟုတောင် ထင်မှတ်စေခဲ့ရပေမယ့် တစ်လအတွင်း နှစ်ကြိမ် သုံးကြိမ်မျှ ဖြစ်ပေါ်လာအပြီးတွင်မူ သူတို့ မတုန်လှုပ်တော့ပြီ။

အပြင်လူ တစ်ချို့တစ်လေက လန့်ဖြန့်ကာ ဖင်တကြွကြွ ဖြစ်လျှင်တောင်မှ အရိုးဖြူမြို့ခံများက ထိုသူတွေကို အထင်သေး ရှုံ့ချချင်သေးသည်။ အဲဒိနောက်မှာတော့ အရိုးဖြူမြို့မှလူများက အပြင်လူများ ထိတ်လန့်တာကို အထင်သေးကြောင်း လူတော်တော်များများ သိကုန်ကြသည်။ နောက်ဆက်တွဲ အနေနှင့်ကတော့ နောက်ထပ် ဒီလို အခြေအနေမျိုးနှင့် တွေ့ကြုံရသည့် အခါများတွင် သိသိသာသာကြီး လန့်ဖြန့်သည့် ပုံစံတောင် မပြရဲတော့ပေ။ ယခုလည်း တိမ်တိုက်မည်းမည်းများ တွေ့သည့် အခါတွင် အားလုံးက တစ်ချက်မျှသာ လှမ်းကြည့်ပြီး သူတို့ လုပ်စရာ ရှိသည်များကို ဆက်လုပ်ကိုင်ကြသည်။ ဒုတိယအကြိမ် ဖျတ်ခနဲ လှမ်းကြည့်သူမှာ တော်တော်လေးပင် နည်းပါးလို့သွားသည်။

သို့သော်လည်း အခြားသူတွေကတော့ မတည်ငြိမ်နိုင်ပေ။ တိမ်မည်းများ တစ္ဆေသချိုင်းတောင်တန်းတွင် စတင် စုဝေးလာကတည်းက လင်းမင်မှာ ထခုန်မတတ် လန့်ဖြန့်သွားကာ ပျော်လဲ ပျော် အံလဲ အံ့သြနှင့် စိုးတော့ စိုးရိမ်နေသေးသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now