Chapter 686 - A Passing Acquaintance

2.5K 524 21
                                    

Chapter 686: A Passing Acquaintance

အခန်း ၆၈၆ အသိအကျွမ်းဟောင်းကြီးတစ်ယောက်နှင့် ပြန်ဆုံခြင်း

သူမှတ်မိပါသေးသည်။ သူတို့ နှစ်ဦးသား ထုံထျန်းတိုက်မကြီးကို ရောက်လာပြီး အချိန်တောင် သိပ်မကြာလိုက်ပါပဲ နတ်ဘုရားဆယ်ပါး သတ်မှတ်ချက်ထဲကို လင်းရှောင် ရောက်ကာ စူပါစတား ဖြစ်လာတာလေ။

သောက်ယွမ်ရဲ့ ဆရာသခင် ဖြစ်သည့် စောရနတ်ဘုရားက နတ်ဘုရားဆယ်ပါး ထဲက တစ်ယောက် ဖြစ်ပြီး အမှတ်စဉ်အရဆိုလျှင် နှစ်တောင် ချိတ်သည်ဟုတောင် အသံထွက်သေးသည်။ ဒီအဖိုးကြိးက သူ့ဘ၀တစ်လျှောက်လုံး ပေါ်လိုက် ပျောက်လိုက်ကြားမှာ ဘာသဲလွန်စမျှ မချန်ရစ်တတ်ပဲ အဖိုးတန်အရာများကိုသာ စိတ်ဝင်စားတတ်သည်။ အဲဒိတုန်းကလည်း သူ့ကို သုံးပြီးတော့ ဒြပ်စင်ငါးပါး အမြူတေတွေ ရှာဖို့တောင် လင်းရှောင် တွေးလိုက်သေးသည်။ ကံက မကောင်းချင်တော့ သူတို့နှင့် သောက်ယွမ်လဲ ကွဲသွားကာ အဆက်အသွယ် လုံးဝ ပြတ်သွားခဲ့သည်။

အခုချိန်မှာတော့ စောရနတ်ဘုရားကလဲ နတ်ဘုရား ဆယ်ပါးထဲမှာ မပါတော့ပေ။ နတ်ဘုရားအဆင့်၏ အထွတ်အထိပ်ကို ချိုးဖြတ်ကာ ထုံထျန်းတိုက်မကြိးရဲ့ ထိပ်တန်းပညာရှင် အတန်းအစားအဖြစ်သို့ အဆင့်မြင့်သွားပြီ။ ဒါတောင်မှ ကြယ်တစ်ပွင့် အထွတ်အမြတ်အဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်နေတာတောင်မှ ဒီလို မတည်မငြိမ်ဖြစ်နေသည့် အချိန်အခါကြီးမှာ သူ့လုံခြုံရေးတောင်မှ သူစိတ်ချထားလို့ မရပေ။

ကောင်းချီးငါးဖြာစိတ်မျက်လုံးကို အရမ်း စိတ်ဝင်စားလှသော ၀တ်စုံအနက်နှင့် လူတစ်ယောက် ရှိသည်ဟု ထျန်းသောက်က ပြောဖူးထားတော့ ထိုလူက စောရနတ်ဘုရား ဖြစ်နိုင်သည်။

ရွှေ့ရှီလူမျိုးနွယ်မှာ သူတို့တွေ တွေ့ခဲ့သည့် ၀တ်စုံနက်နှင့် လူမှာ သောက်ယွမ်၏ ဆရာဆိုတာလဲ ယူရှောင်းမို နားလည်နိုင်သည်။ အဲဒိအချိန်တုန်းကလဲ သူ့မှာ ကောင်းချီးငါးဖြာ စိတ်မျက်လုံးကို အရယူဖို့ အခွင့်အရေးလုံး မရခဲ့တော့ ယူရှောင်းမို နောက်ကို လိုက်ရင်းနှင့် ရှီကျင်းက တစ္ဆေသချိုင်းတောင်တန်းကို တောင် ရောက်လာသည်။ ဒီလူရဲ့ ဖြစ်စဉ်ကို သိသည်ဆိုယုံနှင့်တော့ စောရနတ်ဘုရားကို သူလွှတ်ပေးမယ်လို့ မဆိုလို။ သဖုန်းညာန်သာ တစ်ခုခု ဖြစ်သွားလို့ကတော့ စောရနတ်ဘုရားကို သူ့အသက်နှင့်ပါ ပေးလျှော်ဖို့ သူတောင်းဆိုမှာပင်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now