အပိုင်းပို ၅ ဘယ်သူလဲ

2.1K 466 9
                                    

Chapter 718 (Extra 5) : Who was it?

အခန်း ၇၁၈ အပိုင်းပို ၅  ဘယ်သူများလဲ

တွေးထားတဲ့ အတိုင်းပါပဲ ပြန်ရောက်သွားတာနှင့် ဂျွန်ဆန့်ဆီကို ယူရှောင်းမို သွားကာ သေသွားသည့် သူများ၏ အချက်အလက်များ ရနိုင်မလားဟု မေးခဲ့သည်။

ဂျွန်ဆန်ကတော့ အံသြလို့ သွားသည်။ ဟုတ်တယ်လေ မစ်ရှင်က ပြီးခဲ့သွားပြီ။ အခုချိန်ကျမှ ဒီအချက်အလက်တွေ ဘာလုပ်ဖိုက ကြည့်နေဦးမှာလဲ။ သို့သော်လည်း သူတို့ရဲ့ ပြောင်မြောက်လှသည့် လက်ရည်တွေကြောင့် လိုသည့်အချက်အလက်တွေကို ယူရှောင်းမိုကို ခပ်မြန်မြန်ပဲ လွှဲပေးလိုက်သည်။ ဒီအမှုက လွန်ခဲ့သည့် ဆယ်နှစ်က ဖြစ်ခဲ့ပြီး တော်တော်လေး လူထုကို ကိုင်လှုပ်စေခဲ့တယ် ဆိုပေမယ့် သေသွားသည့် လူစာရင်းက လူသိမခံပဲ  လျှို့ဝှက်ထားရမယ့် အရာမျိုးလဲ မဟုတ်ပေ။

ယူရှောင်းမိုက ရလာသည့်အချက်အလက်တွေ ယူကာ လင်းရှောင်ဆီ ပြေးတော့သည်။ ဒီလို ကိစ္စမျိုးဆို သူ့ အနားမှာ ဖေးမမဲ့သူနဲ့ ကြားခံအနေနဲ့ ကြည့်ပေးမယ့် သူလိုတာမို့ ချက်ချင်းကြီး သူမဖတ်ပေ။ ဒါလဲ ကြားရော လင်းရှောင်မှာ ဆွံ့အလို့ သွားရပေမယ့် သူ့စကားတော့ နားထောင်သေးသည်။

သူတို့ နှစ်ယောက်သား အခန်း တစ်ခန်းထဲ ၀င်ကာ တံခါးပိတ်လိုက်ကြသည်။ ယူရှောင်းမိုက တုန်တုန်ယင်ယင်နှင့် အချက်အလက်တွေကို စားပွဲပေါ်တင်ပြိး စာရွက်များကို ဖြန့်ကာ စာရွက်တစ်ရွက်ကို လှန်လိုက်သည်။ ပြီးတာနှင့် လင်းရှောင် ကို လှည့်ကြည့်လိုက်သည်။ “ကို….. ကြည့်ပေးဦး” 

“ငကြောက်လေး” လင်းရှောင်ကပါးစပ်ကတော့ ပြောလိုက်သေးပေမယ့် စာရွက်ကို ကောက်ဆွဲကာ အထဲကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်သည်။ သူ့ မိန်းမရဲ့ တလက်လက်တောက်ပနေတဲ့ မျက်လုံးလေးတွေ အောက်မှာ ရိုးရိုးလေးပဲ “မပါဘူး”

ယူရှောင်းမို မျက်လုံးလေး လက်ခနဲ ဖြစ်သွားကာ “ယူလူ ဆိုတဲ့ နာမည်လဲ တကယ်မပါဘူးလား”

လင်းရှောင်က စာရွက်ကို စားပွဲပေါ် ပစ်တင်ကာ “ယူလူ ဆိုတဲ့ နာမည် မပါရုံတင်မကဘူး ကျောင်းသားထမြှာ ယူဆိုတဲ့ မျိုးရိုးကို မပါတာ”

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now