အခန်း ၆၉၂ တိုက်ပွဲ

2.7K 546 23
                                    

Chapter 692: Battle

အခန်း 692 တိုက်ပွဲ

သံသရာဆေးလုံးကို လက်ခံအပြီး နောက် ရက်အနည်းငယ်မှာတင် ဝေ့ပိုင် တံခါးပိတ်ကျင့်ကြံရေး ၀င်သွားသည်။

ယူရှောင်းမို သံသရာဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်ပြီးသွားပြီ ဆိုသော သတင်းကို ဖုချန်ချုံး ကြားကတည်းက သူ ပြင်ဆင်မှုတွေ လုပ်ခဲ့သည်။ သို့သော်လည်း သူက သူ့ရဲ့ တပည့်အငယ်ဆုံးလေး ကို စိတ်ပူတာကြောင့်ရယ်၊ ပြီးတော့ ဝေ့ပိုင်ကလဲ သူ့ကို ကူဖို့ တစ်ယောက်ယောက် လိုအပ်နေတာကို သိတော့ သူကိုယ်တိုင် ၀င်လိုက်သွားသည်။

သွေးစွေးနီမျိုးနွယ်စုနှင့် ချန်မဟာမိတ်ကြားက ပဋိပက္ခတွေက အရှိန်တက်လာသည် ဆိုသော်ငြားလည်း သွေးစွေးနီမျိုးနွယ်စု ဘက်ကသာ အသေအပျောက်များခြင်းကို မလိုလားပါက တိုက်ပွဲ အကြီးစားကြီးတွေ တိုက်ခိုက်မည်မဟုတ်။ ထိုကဲ့သို့ စဉ်းစားဆင်ခြင်ပြီးမှသာလျှင် ဖုချန်ရှုန်းက သူ့တပည့်လေးနှင့် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်မည့် တံခါးပိတ်ကျင့်ကြံခြင်း ၀င်သွားခြင်း ဖြစ်သည်။ 

သို့သော်လည်း သူတို့တတွေ ယူကျန်ထျန်းကို လျော့တွက်မိသွားကြသည်။

သူတို့ တံခါးပိတ်ကျင့်ကြံရေး ၀င်သွားအပြီး ငါးရက်အကြာတွင် ချန်မဟာမိတ်၏ အဓိက မြို့ကြီးများကို တိုက်ခိုက်နေသော အင်အားကို ရုတ်တရတ် တိုးချလိုက်သည်။ အဆောက်အဦးများကို ဖျတ်ဆီးပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ကြသည်။ မြို့တစ်မြို့ သူတို့ လက်ထဲ ရောက်သွားလျှင် မီးရှို့၊ ဖျတ်ဆီး၊ သတ်ဖြတ်တာမှ မှတ်တောင် မမှတ်မိလောက်အောင်ကို ရက်စက်ခဲ့ကြသည်။

အဲဒါကပဲ ချန်မဟာမိတ်ကို အမုန်းကြီး မုန်းစေကာ ကျို့ယန် ကနေ သူ့ဆရာတူ ညီလေးတွေကို ဦးဆောင်ကာ တန်ပြန်တိုက်ခိုက်တော့သည်။ ယူကျန်ထျန်းက ကိုယ်တိုင် မပေါ်လာသော်လည်း သူ့သားများ မပါဝင်ဘူးဟု မဆိုလိုပေ။ ယခင်က ယူကျန်ထျန်း၏ သားလေးယောက်မှာ မျိုးနွယ်စုခေါင်းဆောင်နေရာကို လုယူရန် တိုက်ခိုက်နေကြတာမို့ မကြာခဏ အငြင်းပွားကြပေမယ့် အခုတော့ ထူးခြားသည့် အနေအထား ဖြစ်လို့သွားပြီ။ သူတို့ လေးယောက်စလုံး၏ ညီညွတ်မှု အားက အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်နေပြန်သည်။ ဗိုလ်ချုပ်လေးယောက်က စစ်တပ်ကြီးလေးခုကို ဦးဆောင်ကာ ချန်မဟာမိတ်ကို တစ်ချီပြီး တစ်ချီတိုက်ခိုက်ကြသည်။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now