အခန်း (၃) ကျင့်ကြံခြင်း နည်းလမ်းတွေ ရွေးမယ်

1.1K 93 0
                                    

ရဲ့ချန် သူ့ရဲ့ ဆရာသခင်နဲ့ အတူပျံသန်းနေတာကို သိပါတယ်။ သိုသော် ထိုဟာနဲ့ပတ်သက်ပြီး သူ့မှာ အတွေ့အကြုံမရှိပါဘူး။ ဆရာသခင်က သူ့ကို ကမ္ဘာ့လေထုထဲမှ ထွက်လာပြီး အမည်မသိနေရာတစ်ခုကို ခေါ်ဆောင်လာပါတယ်။ ပြီးတော့ သူတို့ရှေ့မှာ အနက်ရောင်အပေါက်ကြီးများ ဖြစ်ပေါ်လာသည်။

အဲ့ဒီ့ခဏအတွင်း သူ့ဆရာက သူ့ကို မည်သည့်နေရာသို့ ခေါ်လာသလဲဆိုတာ မသိတော့ပါဘူး။ ပြီးတော့ ဆရာသခင်ရဲ့ နာမည်ကိုလည်း သူခုထိ မသိသေးပါဘူး။
" ဆရာ ကျွန်တော် ခုထိ ဆရာနာမည် မသိရသေးဘူးနော်...."

လူအိုကြီး " အိုး...ဟုတ်သားပဲ...ငါအရမ်းစိတ်
လှုပ်ရှားနေပြီး ငါ့ကိုယ်ငါ့ မိတ်ဆက်ဖို့ မေ့တော့မလို့...ငါ့နာမည်က ဂူရွှမ်းပါ...မင်းနာမည်ကရော...."

" ဒီတပည့်ရဲ့ နာမည်က ရဲ့ချန်ပါ..."

ရဲ့ချန် သူ့ရဲ့မျက်စိနဲ့မြင်နိူင်သလောက် သူ့ပတ်ဝန်းကျင်ကို ကြည့်နေပါတယ်။ ဒီနေရာက အမှောင်ထုကြီးပဲ ရှိနေပြီး ပစ်ခက်ဖို့တာဆူနေတဲ့ မိုးကြိုးသွား အနည်းငယ်ရှိပါတယ်။ သို့သော် ဆရာက သူတို့နှစ်ဦးစလုံး​၏ဝန်းကျင်မှာ အပြာရောင်အကာအကွယ်ဒိုင်းတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အဲ့ဒါက လျှပ်စီးထုကြီးတွေကို ကာကွယ်ပေးပါတယ်။ ထို့နောက် အလွန်သိချင်စိတ် ပြင်းပြနေတာကြောင့် သူမေးလိုက်ပါတယ်။

" ဆရာ ကျွန်တော်တို့ အခုဘယ်ရောက်နေတာလဲ..."

" ငါတို့ အာကာသစီးဆင်းမှု ဒိုင်မေးရှင်းထဲမှာ...ဒီ အာကာသစီးဆင်းမှု ဒိုင်မေးရှင်းက ငါတို့ အာတာကြယ်ဆီကိုသွားဖို့ လွယ်ကူစေတယ်...ပြီးတော့ အဲ့ဒါကို အသက်သွင်းဖို့ နည်းလမ်းနှစ်ခုရှိတယ်...တစ်ခုက စိတ်ချရတဲ့အဆင့်တစ်ခုရောက်နေဖို့...နောက်တစ်ခုက အထူးပစ္စည်းတစ်ခုကို သုံးပြီးအသက်သွင်းဖို့ပဲ...."

" ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ တစ်ယောက်ယောက်ကသာ အထူးပစ္စည်းတွေမပါဘဲ ဖွင့်မယ်ဆိုရင် သူ့ကို အလင်းတန်းတွေက ပြင်းပြင်းထန်ထန် ရိုက်ခက်လိမ့်မယ်...."

သူ့ဆရာရှင်းပြတဲ့အချက်တွေကို သူနားမလည်သော်လည်း နားလည်သည့်ပုံစံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now