အခန်း (၂၆) ဝံပုလွေနီဂိုဏ်းမှ ပြဿနာ ထပ်ရှာခြင်း

378 33 0
                                    

နောက်ဆုံးမှာတော့ အန်တီချန်းကွေ့က ရဲ့ချန်​၏စားပွဲပေါ်မှာ အသားကင်များကို လာရောက်ပို့ဆောင်ပေးသည်။ ရဲ့ချန် အသားကင်ရဲ့ရနံ့က အလွန်မွှေ့ပျံ့လာတာကြောင့် မနေနိူင်တော့ဘဲ ချက်ချင်း သူ့ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။

ရဲ့ချန် ကျင့်ကြံသူဖြစ်လာသည့်နောက်ပိုင်း သူ့ရဲ့ဝမ်းဗိုက်က ဘယ်တော့မှ မပြည့်နိူင်တော့ဟု ခံစားလာသည်။ သူက နေ့တိုင်း မစားသောက်နိူင်တာတောင်မှ သူစားသောက်နေစဉ် သူ့အစာအိမ်ထဲသို့ အစားအစာတွေ အများကြီး ထည့်နိူင်သည်ဟု ထင်ရသည်။

ရိက္ခာခြောက်တွေနှင့် မလက်ဆက်သောအသီးများဖြင့် ထိုအကင်များကို ပြုလုပ်ထားကောင်းထားနိူင်သည်။ သို့သော် ဒီနေရာက အစားအသောက်တွေက အမှန်ပင် စား၍ကောင်းလှသည်။ ထို့ကြောင့် ရဲ့ချန် ဆက်လက်စားသောက်ဖို့ ဆုံးဖြတ်လိုက်သည်။

မီးနစ်အနည်းငယ်အတွင်းမှာပင် ဆိတ်ကင်က အားလုံး ကုန်သွားချေပြီ။ " အန်တီ နောက်ထပ် အချောင်းသုံးဆယ် ထပ်ပေးပါ "

ထိုဟာကိုကြည့်ပြီး ချန်းကွေ့ အမှန်ပင် အံ့အားသင့်ရသည်။ ရဲ့ချန်က ချို့တဲ့လှတဲ့အတွက် အသားကင်အချောင်းသုံးဆယ်စားပြီးလျှင် နောက်ထပ် ဘယ်တော့မှ မှာလေ့မရှိပေ။

အန်တီချန်းကွေ့က ရဲ့ချန်အတွက် အသားကို ထပ်မံကင်လိုက်ရသည်။ ရုတ်တရက် ဂိုဏ်းစတားတစ်ယောက်ချင်းစီတိုင်းက အန်တီချန်းကွေ့​၏ဆိုင်လေးဆီသို့ ရောက်လာသည်။

" ဟေး အန်တီ..ဒီနေ့ ခင်ဗျားဆိုင်ကိုကာကွယ်ခအနေနဲ့ ပိုက်ဆံဘယ်မှာလဲ " လူဆိုးဂိုဏ်းမှ လူတစ်ယောက်က ပြောလိုက်သည်။

ချန်းကွေ့ " ငါ့ဆိုင်က အခုမှ ဖွင့်တာပါ။ ဆိုတော့ ပိုက်ဆံမရသေးဘူး " ချန်းကွေ့က ထိုလူတွေကို ပြောလိုက်သည်။

" ရေဘူးပေါက်တာကို မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်။ ငါတို့က ပိုက်ဆံပဲလိုချင်တယ် " လူဆိုးတွေထဲမှ တစ်ယောက်က ပြောလိုက်သည်။

ရဲ့ချန် ထိုလူတွေကို သိပါသည်။ မနေ့က ရှေးဟောင်းပစ္စည်းအရောင်းပြပွဲ၌ သူနှင့် ပြဿနာတက်ခဲ့သော လူတွေပင် ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Tahanan ng mga kuwento. Tumuklas ngayon