အခန်း (၁၅၄) မိန်းမချောလေးတစ်ယောက် ရဲ့ချန်ကို လာရှာခြင်း

296 18 0
                                    

ယွိထန်က အလျင်အမြန် ထွက်ပြေးသွားသည်ကို ကြည့်ရင်း ရဲ့ချန်၏စိတ်ထဲတွင် မည်သည့်ခံစားချက်မျှ ဖြစ်မလာခဲ့ပေ။ သူနှင့်ယွိထန်တို့၏ အကြားတွင် ဆက်ဆံစရာအကြောင်း ဘာမျှမရှိတော့ဘူး မဟုတ်လား။
ရဲ့ချန် နှင့် ချောင်ယမ်ယမ်တို့သည် သူတို့၏အခန်းဆီသို့ လျှောက်လာကြ၏။ အချိန်သည် မနက်စောစော အချိန်သာ ရှိသေးသည့်အတွက် လူတချို့သာ ရောက်လာကြသေးသည်။
ရဲ့ချန်တို့ အခန်းရှေ့သို့ ရောက်လာသောအခါ ကျန်းချောင်က ပြတင်းပေါက်ဘေးတွင် ရပ်နေကြောင်း မြင်လိုက်ရ၏။ လောလောဆယ် သူက လူတစ်ယောက်၏ဖုန်းကောကို စိတ်မပါ့တပါဖြင့် လက်ခံဖြေကြားနေသည်။
ကျန်းချောင်တစ်ယောက် အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း ရဲ့ချန်က ချောင်ယမ်ယမ်နှင့်အတူ အခန်းထဲသို့ ၀င်ရောက်လာသည်။
ထို့နောက် သူတို့က သက်ဆိုင်ရာ ထိုင်ခုံများတွင် အသီးသီး ၀င်ထိုင်လိုက်ကြသည်။
ထိုင်ခုံများတွင် ထိုင်ပြီးနောက် ရဲ့ချန်က စားပွဲခုံပေါ်တွင် ချက်ချင်း မှောက်အိပ်လိုက်တော့သည်။ ထိုင်အချိန်တွင် ချောင်ယမ်ယမ်ကလည်း သူမတွင်ရှိသော ဗဟုသုတများ တိုးပွားစေရန် အလို့ငှာ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေလေသည်။
“ ရဲ့ချန် မင်းကို လိုက်ရှာနေတဲ့ မိန်းမချောလေးတစ်ယောက် ရှိတယ် “ ကျန်ချောင်က အခန်းထဲသို့ ပြန်လှည့်၀င်လာပြီး ရဲ့ချန်ကို ပြောလိုက်သည်။
ရဲ့ချန်က ထိုင်ခုံမှ ချက်ချင်း ထရပ်လိုက်ပြီး မိန်းမချောလေးနှင့် တွေ့ဆုံရန် အခန်းအပြင်ဘက်သို့ ဦးတည်လိုက်တော့သည်။
ချောက်ယမ်ယမ်ကလည်း ရဲ့ချန်ကို လိုက်ရှာနေသော မိန်းကလေးအား သိချင်စိတ် ဖြစ်လာ၏။ “ ဟေ့ … ကျန်းချောင် ရဲ့ချန်ကို လာရှာတဲ့ မိန်းမချောဆိုတာက ဘယ်သူတုံး “ ကျန်းချောင်က ရဲ့ချန်ကို လာရှာသော မိန်းကလေးက ချမ်မုန့်ယမ်ဖြစ်ကြောင်း ပြောလိုက်တော့သည်။
“ ဘာ … “ ချောက်ယမ်ယမ်သည် ရဲ့ချန်ကိုလာရှာသော မိန်းမချောက ချမ်မုန့်ယမ်ဖြစ်ကြောင်း သိသည်နှင့် အလွန်အမင်း အံ့အားသင့်သွားတော့သည်။ သူမ၏နှုတ်ခမ်းတွင်လည်း ထူးဆန်းသော အပြုံးလေးတစ်ခုက ခိုတွဲလာတော့သည်။ ချောင်ယမ်ယမ်၏စိတ်ထဲက အတွေးများကို မည်သူသိနိုင်မည်နည်း။
ရဲ့ချန် အခန်းအပြင်သို့ ရောက်လာသောအခါ သူ့ကိုလာရှာသော မိန်းမချောလေးကို မြင်လိုက်ရ၏။ သူမြင်ခဲ့ရသော မိန်းမချောလေးက ချမ်မုန့်ယမ် ဖြစ်၏။
ယင်းက သူ၏ထင်မြင်ချက်များကို ကျော်လွန်နေပေသည်။ ရဲ့ချန်သည် သူ့ကိုလာရှာသော မိန်းကလေးက လီချင်းကျူ ဖြစ်မည်ဟု ထင်ထားခဲ့သည် မဟုတ်ပါလား။
“ ကျောင်းသူငယ်ချင်း ချမ် ကျုပ်ကို ဘာဖြစ်လို့ လိုက်ရှာနေတာလဲ “ ထိုမိန်းမချောလေးက သူ့ကို အဘယ့်ကြောင့် လာရှာမှန်း ရဲ့ချန် မသိပေ။
“ ဂိုထောင်မှာ ပစ္စည်းတချို့ကို ရွေ့ဖို့ အကူညီနည်းနည်းလောက်လိုလို့ ငါ ဒီကို လာတာပါ “ ချမ်းမုန့်ယမ် ဤနေရာသို့ လာရသည့်အကြောင်းက ဂိုထောင်ထဲက ပစ္စည်းများကို ရွေ့ပေးရန် အကူညီလာတောင်းခြင်း ဖြစ်၏။
“ ဘာဖြစ်လို့ ကျုပ်ဆီက အကူညီလိုတာလဲ၊ ခင်ဗျားကို ကူညီပေမယ့် ကျောင်းသားတွေ အများကြီး ရှိနေတာပဲ ဥစ္စာ “ ရဲ့ချန်က ပြောလိုက်သည်။ ချမ်မုန့်ယမ်သည် ကျောင်းပန်းတစ်ပွင့်ဟူသော ဂုဏ်သတင်းဖြင့် ကျော်ကြားသော မိန်းကလေးတစ်ယောက်ပင် ဖြစ်သည်။ ထို့ကြောင့် သူမသာ အကူအညီလိုအပ်လျှင် သူမကို စိတ်၀င်စားနေသော လူတစ်ယောက်ဆီက အလွယ်တကူ တောင်းနိုင်သည် မဟုတ်ပါလား။
“ ငါ ကောင်လေးတချို့ဆီမှာ အကူညီတောင်းကြည့် ပြီးပြီ၊ ဒါပေမဲ့ သူတို့အကုန်လုံးက ငါ့ကို ကူညီဖို့ ငြင်းလွှတ်လိုက်တယ်လေ၊ ငါက မိန်းမတစ်ယောက်ပါ၊ ဘယ်လိုလုပ်ပြီး ပစ္စည်းတွေကို သယ်နိုင်ပါ့မလဲ “ ချမ်မုန့်ယမ်က ၀မ်းနည်းသော မျက်နှာလေးနှင့် ရဲ့ချန်ကို ပြောလိုက်သည်။
ချမ်မုန့်ယမ်က စိတ်ထဲတွင်တော့ အလွန်တရာ ဒေါသထွက်နေပြီ ဖြစ်၏။ ယင်းသည် ပထမဆုံးကြိမ်အဖြစ် ယောက်ျားတစ်ယောက်က သူမ၏တောင်းဆိုမှုကို ငြင်းဆန်ဝံ့ခြင်း ဖြစ်၏။
“ လူလိမ်မ နင်က ငါ့ကို လိမ်နိုင်မယ်လို့ ထင်နေတာလား “ ရဲ့ချန်သည် ကြောက်ရွံ့ဟန် ပုံဖမ်းနေသော ချန်မုန့်ယမ်ကို ကျိန်ဆဲလိုက်တော့သည်။ သို့သော် အပြင်သို့ ထုတ်ပြောရန်အတွက်တော့ လုံး၀ မဖြစ်နိုင်ချေ။
ချမ်မုန့်ယမ်သည် ချောင်ယမ်ယမ်ထက် အနည်းငယ်သာ နိမ့်ကျသည့် အားကောင်းသော ကျင့်ကြံသူတစ်ဦးပင် ဖြစ်၏။ ထို့ကြောင့် ချမ်မုန့်ယမ်လို ကျင့်ကြံသူတစ်ဦးက ဂိုထောင်ထဲမှ ပစ္စည်းများကို မသယ်နိုင်ဟု ဆိုခြင်းက လုံး၀ မဖြစ်နိုင်သော ကိစ ္စပင် မဟုတ်ပါလား။
ရဲ့ချန်သည် ချမ်မုန့်ယမ်တွင် တခြားရည်ရွယ်ချက်တစ်ခု ရှိသေးကြောင်း ခံစားလိုက်၏။
“ ဒါပေမဲ့ ကျုပ်လည်းအခု အလုပ်ရှုပ်နေတယ် “ ရဲ့ချန်က ထိုမိန်းကလေးနှင့် နီးစပ်မှုမရှိစေရန် ဆင်ခြေတစ်ခု ရှာပေးလိုက်သည်။ သူမသာ သာမန်မိန်းကလေးတစ်ယောက် ဖြစ်နေမည်ဆိုလျှင် ရဲ့ချန်က သူမကို ပျော်ပျော်ရွှင်ရွှင်ပင် အကူညီပေးလိုက်ဦးမည် ဖြစ်သည်။ ကံမကောင်းစွာ ထိုမိန်းကလေးက ထူးခြားဆန်းကြယ်သော မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့သည်။ ချမ်မုန့်ယမ်က လူတစ်ယောက်ကို ညှို့ယူဖမ်းစားနိုင်သော ညှို့ဓာတ်ကျင့်စဉ်တစ်ခုကိုလည်း တတ်မြောက်ထားသေးသည်။ ထို့အပြင် ချောင်ယမ်ယမ်က သူ့ကို ချမ်မုန့်ယမ်နှင့်မပတ်သက်ရန် သတိပေးခဲ့သည် မဟုတ်ပါလား။
“ ဟင့် … ဟင့် လူတိုင်းက ငါ့ရဲ့တောင်းဆိုချက်ကို ဘာဖြစ်လို့ ငြင်းနေကြတာလဲ၊ ငါကိုငါ မုန်းတယ် “ ချမ်မုန့်ယမ်က ရဲ့ချန်၏ရှေ့တွင် ရုတ်တရက် ငိုချလိုက်တော့သည်။
ချမ်မုန့်ယမ်၏သရုပ်ဆောင်မှုက အမှန်တကယ် သဘာ၀ဆန်လွန်းပေသည်။
ထောင့်ချိုးတစ်ခုတွင် ရှိနေသော လူအားလုံးက ရဲ့ချန် နှင့် ချောင်ယမ်ယမ်တို့ကို စိုက်ကြည့်နေကြသည်။
တချို့ယောက်ျားလေးများ နှင့် မိန်းကလေးများက ရဲ့ချန်ကို ထက်ရှသော မျက်၀န်များဖြင့် ကြည့်နေကြလေသည်။ ရဲ့ချန်လို ရုပ်ရည်ချောမောသော ယောက်ျားတစ်ဦးက အဘယ်ကြောင့် ချမ်မုန့်ယမ်ကို နာကျင်အောင် ပြောဆိုနေရသနည်း။
ရဲ့ချန်သည် ထောင့်ချိုးတစ်ခုက ယောက်ျားလေးများ နှင့် မိန်းကလေးများ၏ စူးရှသော အကြည့်များကို ခံစားမိလိုက်၏။
ဤနေရာတွင် ရဲ့ချန်၏ပုံစံက မိန်းမချောလေးတစ်ယောက်ကို အနိုင်ကျင့်နေသော လူဆိုးတစ်ယောက်နှင့် တူနေသည် မဟုတ်ပါလား။
“ ကောင်းပြီ၊ ကျုပ် ခင်ဗျားကို ကူညီမယ်၊ ထပ်မငိုတော့နဲ့တော့ “ ရဲ့ချန်က ချမ်မုန့်ယမ်၏တောင်းဆိုချက်ကို အကူညီကင်းမဲ့စွာဖြင့် လက်ခံလိုက်ရတော့သည်။ မိန်းကလေးတစ်ယောက် ငိုနေသည့်အဖြစ်ကို ကြည့်နေရန် သူ့တွင် အင်အားမရှိပေ။ ထို့အပြင် သူမက အလွန်တရာ လှပသော မိန်းကလေးတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
ချမ်မုန့်ယမ်သည် ငိုရာကနေ ချက်ချင်း တိတ်ခနဲ့ ဖြစ်သွား၏။ “ တကယ်လား၊ လာ လာ ငါနဲ့လိုက်ခဲ့ “ သူမက ရဲ့ချန်၏လက်ကို ပျော်ရွှင်စွာ ဆွဲခေါ်လိုက်တော့သည်။
“ တောက် … ဒီမိန်းမ ငါ့ကို လှည့်စားသွားပြီ “ ရဲ့ချန်တစ်ယောက် စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်တော့သည်။
ချမ်မုန့်ယမ်က ရဲ့ချန်ကို ကျောင်းအဆောက်အဦးထဲက အခန်းလွတ်တစ်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။
“ လာ အထဲ၀င်၊ ဒီထဲမှာ နင် ဂိုထောင်ထဲ ရွေ့ရမယ့် ပစ္စည်းတွေ ရှိတယ် “ ချမ်မုန့်ယမ်က ရဲ့ချန်ကို အခန်းထဲသို့ ချက်ချင်း ဆွဲခေါ်လာတော့သည်၊
ရဲ့ချန် အခန်းထဲသို့ ရောက်လာသောအခါ စိတ်များ ရှုပ်ထွေးသွားတော့သည်။ ထိုအခန်းက လုံး၀ ဗလာကြီးပင် ရှိနေသည် မဟုတ်ပါလား။ ဤနေရာတွင် သူရွေ့ရမည့်ပစ္စည်း တစ်ခုလေးပင် မရှိပေ။
“ ဂျလောက် … “ နောက်ဘက်မှ တံခါးလော့ချသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံကို ကြားကြားချင်း ရဲ့ချန်က နောက်သို့ ချက်ချင်း လှည့်လိုက်သည်။ လောလောဆယ် ချမ်မုန့်ယမ်က တံခါးရှေ့တွင် မတ်တပ်ရပ်နေ၏။ ရုတ်တရက် ချမ်မုန့်ယမ်၏ သေးသွယ်သော လက်ချောင်းလေးများက အင်္ကျီအပေါ်ဆုံးက ကြယ်သီးတချို့ကို စတင် ဖြုတ်နေတော့သည်။
ချမ်မုန့်ယမ် လုပ်နေသော အရာကို မြင်ပြီး ရဲ့ချန် အနည်းငယ် အံ့အားသင့်သွားလေသည်။ “ ဒီမိန်းမက ဒီလိုမြှူဆွယ်မှုတွေကို ဘာဖြစ်လို့ လုပ်နေတာပါလိမ့် “ ရဲ့ချန်တစ်ယောက် ချမ်မုန့်ယမ် သူ့ဆီက လိုချင်နေသော အရာကို စတင် ခန့်မှန်းကြည့်လိုက်သည်၊
အင်္ကျီပေါ်မှ ကြယ်သီးနှစ်လုံး ပွင့်သွားသောအခါ ရဲ့ချန်က ချမ်မုန့်ယမ်၏အက်ကွဲကြောင်းလေးအား လှမ်းမြင်လိုက်ရသည်။ ချန်မုန့်ယမ်၏တောင်ဘို့ကြီး နှစ်လုံးက F ဆိုဒ် အရွယ်အစား ရှိသောကြောင့် ဆုပ်ကိုင်လိုက်လျှင် အတော်လေး အရသာရှိမည့် သဘောတွင် ရှိနေ၏။
ချမ်မုန့်ယမ်သည် ရဲ့ချန်၏ဝိညာဉ်ကို ဆွဲယူရန် ညှို့ဓာတ်ကျင့်စဉ်အား အစွမ်းကုန် အသုံးပြုလိုက်တော့သည်၊ အကယ်၍ ရဲ့ချန်၏ဝိညာဉ်ကိုသာ မဆွဲယူနိုင်လျှင် သူမက ရဲ့ချန်ကို ကောင်းကောင်း ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ရဲ့ချန်က သူမကို အချစ်စိတ် ထက်သန်သော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်ပြီး ချမ်မုန့်ယမ်တစ်ယောက် စိတ်လှုပ်ရှားသွားလေသည်။ ဤအချိန်တွင် သူမ၏ညှို့ဓာတ်က ရဲ့ချန်အပေါ်တွင် အောင်မြင်စွာ အသုံးချနိုင်သွားပြီ မဟုတ်ပါလား။
သူမ၏အချစ်ဆုံးယောက်ျားကို လုယူပြီးနောက် ဖြစ်ပျက်သွားမည့် ချောင်ယမ်ယမ်၏မျက်မှာကို ကြည့်ရှုရန် ချမ်မုန့်ယမ် မစောင့်နိုင်လောက်အောင် ဖြစ်နေပြီ ဖြစ်၏။
“ ရဲ့ချန် ဒီကိုလာပြီး ငါ့ရှေ့မှာ ဒူးထောက်ပါ “ ချမ်မုန့်ယမ်က ရဲ့ချန်၏နာမည်ကို ခေါ်လိုက်သောအခါ သူမ၏အသံက အလွန်တရာ နူးညံ့ပြီး ဆွဲဆောင်မှု ရှိနေသည်။ သူမသည် ရဲ့ချန်ကည သူမ၏အမိန့်ကို နာခံ မနာခံ စမ်းသပ်ကြည့်လိုက်ခြင်း ဖြစ်၏။
ရဲ့ချန်က ချမ်မုန့်ယမ် ထံသို့ လျှောက်လာပြီး သူမ၏ရှေ့တွင် ရပ်လိုက်သည်။
ရဲ့ချန်က သူမ၏ဆွဲဆောင်မှုအား နာခံနေသည်ကို ကြည့်ရင်း ချမ်းမုန့်ယမ်တစ်ယောက် အတော်လေး ပျော်ရွှင်သွားလေသည်။ “ ယမ်ယမ် ခုချိန်ကစပြီး နင့်ရဲ့အချစ်ဆုံး ယောက်ျားက ငါ့ရဲ့အစေခံ ဖြစ်လာတော့မယ် “ ချမ်မုန့်ယမ်သည် ကျေနပ်စွာ ရယ်မောနေတော့သည်။ ထို့နောက် သူမက ရဲ့ချန် ဒူးထောက်မည့်အချိန်ကို စောင့်စားနေလိုက်၏။
ချမ်မုန့်ယမ်က စက္ကန့်အနည်းငယ်ခန့် အကြာထိ စောင့်စားနေခဲ့သည်။ သို့သော် ရဲ့ချန်က သူမ၏ခြေရင်းတွင် ဒူးမထောက်သေးပေ။ “ နင်ဘာဖြစ်လို့ မတ်တပ်ရပ်နေတာလဲ၊ နင့်ဒူးခေါက်ကွေးတွေကို မြန်မြန် ကွေးချလိုက်စမ်း “ သူမက ရဲ့ချန်ကို အော်ပြောလိုက်တော့သည်။
ရဲ့ချန်က ချမ်မုန့်ယမ်၏အမိန့်များ အားလုံးကို လုံး၀ နားမထောင်ပေ။ ထိုအစား သူ၏လက်က ရှေ့ထွက်လာပြီး ချောင်မုန့်ယမ်၏လက်မောင်းကို ဆုပ်ကိုက်လိုက်၏။
“ နင်က နင့်ရဲ့အားနည်းတဲ့ ညှို့ဓာတ်လေးနဲ့များ ငါ့ကို အမိန့်ပေးနိုင်မယ် ထင်နေတာလား “ရဲ့ချန်က ပြောလိုက်သည်။ အစကတည်းက သူက ချမ်မုန့်ယမ် အသုံးပြုသော ညှို့ဓာတ်ကျင့်စဉ်၏ သက်ရောက်မှုကို လုံ၀ မခံခဲ့ရပေ။ ရဲ့ချန်က သူမ၏လက်ထဲသို့ ကျရောက်သွားသည့်ပုံ ဟန်ဆောင်ခဲ့ခြင်း ဖြစ်၏။ ရဲ့ချန်သည်လည်း ထိုမိန်းကလေးက သူ့ကို မည်သည့်အရာများ လုပ်ချင်နေမှန်း သိလိုလှသည် မဟုတ်ပါလား။
သို့သော် ချမ်မုန့်ယမ်က သူ့ကို အစေခံတစ်ယောက် ဖြစ်လာရန် သိမ်းသွင်းလိုနေသည်ကို သိပြီး ဒေါသများ အလိပ်လိုက် အလိပ်လိုက် ထွက်လာတော့သည် မဟုတ်ပါလာ။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now