အခန်း (၁၁၀) ယွင်ဟောက်ကို လက်စားချေခြင်း

249 9 0
                                    

ရဲ့ချန်သည် ကျင့်ပေ ပေးခဲ့သည့် လိပ်စာအတိုင်း ထွက်လာခဲ့သည်။ သူ့ကို သတ်လိုနေသောလူ​၏ နေရာက ကြယ်ငါးပွင့် ဟိုတယ်ကြီးတစ်လုံး​၏ အပေါ်ဆုံးအထပ်က အခန်းတစ်ခန်းတွင် ရှိသည်။

ရဲ့ချန်က ပြတင်းပေါက်အနားသို့ ချဉ်းကပ်ပြီး ဟိုတယ် အခန်းထဲတွင် ရှိသောသူအား အကဲခတ်လိုက်သည်။

အခန်းထဲတွင် လူငယ်တစ်ယောက်က ထိုင်ခုံပေါ်တွင် ထိုင်ရင်း မြင်ကွင်းတစ်ခုကို ကြည့်ရှု ခံစားနေပြီး အိပ်ရာပေါ်တွင်တော့ သတိလစ်နေသော မိန်းမချောလေးတစ်ဦး ရှိသည်။

ထိုလူငယ်က ယွင်ဟောက် ဖြစ်သည်။ တစ်ဖက်လူက  သူကို ထပ်မံ ပြဿနာရှာရန် အတင့်ရဲနေသေးသည်။ ဤတစ်ကြိမ်တော့ ယွင်ဟောက်ကို ခွင့်လွှတ်၍ မရတော့ပေ။

" ငါ ဒီနေ့ အရမ်း ပျော်နေတယ်ကွာ၊ နောက်ဆုံးတော့ ရဲ့ချန်ဆိုတဲ့ ကောင်ကို လက်စားချေနိုင်ခဲ့ပြီ " သူက စိတ်ချရသော လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက်ကို ငှားထားပြီးပြီ မဟုတ်လား။ ထို့ကြောင့် ယခုအချိန်တွင် ရဲ့ချန်ဆိုသောသူက သေပင် သေနေလောက်ပြီ ဖြစ်သည်။

ယွင်ဟောက်က အလွန်တရာ ကျေနပ်နေဟန်ဖြင့် ဝိုင်တစ်ငုံစာကို မော့သောက်လိုက်သည်။ " အခုက ငါ့အတွက် ပျော်စရာလေးတွေ ရှာရမယ့် အချိန်ပဲ၊ ဒီမိန်းမချောက အပျိုစစ်သေးလား မစစ်တော့ဘူးလားလို့ ငါ အတော်လေး သိချင်စိတ် ဖြစ်နေမိတယ် " သူက သတိလစ်နေသော မိန်းမချောလေး အနားသို့ တိုးကပ်သွားသည်။ ယွင်ဟောက်က မြို့ထဲက လမ်းမပေါ်တွင် လျှောက်သွားရင်း ထိုမိန်းမချောလေးအား ကံကောင်းထောက်မစွာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

လမ်းမပေါ်တွင် ဤမိန်းကလေးအား မြင်ပြီးနောက် ယွင်ဟောက်က သူမကို ဖမ်းပေးရန် လီဟန့်ကို ချက်ချင်း အမိန့်ပေးခဲ့သည်။ ဤညတွင် ယွင်ဟောက်က ထိုမိန်းမချောလေးနှင့် သာယာသော ညလေးတစ်ညအား ကျော်ဖြတ်ရပေဦးမည်။

ယွင်ဟောက်က သူ​၏အဝတ်အစားများကို ဆွဲချွတ်ရန် ပြင်လိုက်သည်။ " ဘမ်း... " ပြတင်းပေါက် မှန်များက ရုတ်တရက် ကွဲကြေကုန်ပြီ အပြင်ဘက်က ပျံသန်းနေသော လူတစ်ဦးက အခန်းထဲသို့ ဝင်လာတော့သည်။ ဤနေရာက ဟိုတယ်​၏ အပေါ်ဆုံးထပ်တွင် ရှိကြောင်း သိထားရပါမည်။ ဟိုတယ်​၏အပေါ်ဆုံးထပ်သို့ ပျံသန်းလာသည်က လွဲလျှင် တခြားနည်းလမ်း မရှိပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now