" မနက်စောစောစီးစီး ဘယ်သူများ ရောက်လာတာပါလိမ့် " ရဲ့ချန်သည် ထိုလူက ကောင်းမွန်သော အရာလေးများ လုပ်ရခါနီးမှ အနှောက်အယှက်လာပေးသောကြောင့် အတော်လေး မကျေမနပ် ဖြစ်သွား၏။
" ယောက်ျား ဘယ်သူလဲ မြန်မြန် သွားကြည့်စမ်း၊ နင့်အတွက် အရေးကြီးတဲ့ လူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မှာပေါ့ " လျှို့ယွဲ့က ရဲ့ချန်ကို တံခါးသွားဖွင့်ပေးရန် ပြောလိုက်သည်။
ရဲ့ချန်က ချောင်ယမ်ယမ် နှင့် လျှို့ယွဲ့ကို လွတ်ပေးပြီး တံခါးရှေ့သို့ ချက်ချင်း လျှောက်လာသည်။
" တင်း ... တောင် ... " အပြင်က လူသည် တံခါးဘဲလ်ကို ထပ်ခါ ထပ်ခါ နှိပ်နေတော့သည်။
" ခဏစောင့်ဦး၊ လာပြီ " ရဲ့ချန်က အပြင်က လူကို ခေတ္တ စောင့်ဆိုင်းရန် အော်ပြောလိုက်သည်။
ရဲ့ချန်က အခန်းတံခါးကို ဖွင့်လိုက်သောအခါ တံခါးရှေ့တွင် ရဲယူနီဖောင်း ဝတ်ထားသော လော့ဘင်ကို မြင်လိုက်ရ၏။
" ရဲမေလော့ ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ " ရဲ့ချန်သည် လော့ဘင်က မနက်အစောကြီး ပေါက်ချလာသောကြောင့် စိတ်ပျက်စွာ မေးလိုက်၏။
" နင် ငါ့ကို မောက်မောက်မာမာ မဆက်ဆံနဲ့ " ရဲမေလော့ဘင်သည် ရဲ့ချန်၏ ဤသို့သော အမူအရာနှင့် ပတ်သတ်ပြီး မကျေမနပ် ဖြစ်သွား၏။
" ငါ ဒီကို လာချင်လို့ လာတာမဟုတ်ဘူး၊ မိန်းကလေးတစ်ယောက်ကို လာပို့တာ၊ ရှေ့ထွက်လာခဲ့၊ ရှက်မနေနဲ့ " လော့ဘင်က သူမ၏ခန္ဓာကိုယ်ကို အနည်းငယ် ရွေ့ပေးလိုက်၏။ လော့ဘင်၏နောက်က အရုပ်လေးတစ်ရုပ်ကဲ့သို့ လှပပြီး ချစ်ဖွယ်ကောင်းသော တခြားမိန်းကလေးတစ်ဦးက ရှေ့ထွက်လာသည်။
ထိုမိန်းကလေးသည် ရှောင်လုလု ဖြစ်၏။ ယခု သူမသည် သန်ု့ရှင်းပြီး လှပသော အစေခံယူနီဖောင်းကို ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်များကိုလည်း သေသပ်စွာ ဖြီးထားပြီး နောက်ကျောတွင် ဖြန့်ချထား၏။
ရှောင်လုလုသည် ရဲ့ချန် ရှေ့သို့ ရောက်လာသောအခါ အနည်းငယ် ရှက်သွားသည်။
" အိုး ... ဒါက လုလုပဲ " ရဲ့ချန် ထိုမိန်းကလေးကို ချက်ချင်း မှတ်မိသွားသည်။ သူမကို သူ၏အိမ်တွင် လိုက်နေရန် သူ ကတိပေးထားခဲ့သည် မဟုတ်ပါလား။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...