" ကျုပ်ကိုကယ်တင်ခဲ့တဲ့အတွက် ဒီက ကြီးမြတ်သော စီနီယာကို ကျေးဇူးတင်ပါတယ် " လီစွန်းဟီ မျက်နှာဖုံးဝတ်ထားသောရဲ့ချန်ကို လေးလေးစားစား ဂါရဝပြုလိုက်သည်။
ကျင့်ကြံသူတို့လောကမှာ ပိုမိုသန်မာသည့်လူကသာ အမြဲတမ်း အရိုသေပေးခံရလိမ့်မည်။ ထို့ကြောင့် လီစွန်းဟီတစ်ယောက် သူ့ရှေ့မှာ မျက်နှာဖုံးစွတ်လူဟာ အသက်ငယ်ရွယ်သည့်တိုင်အောင် သူတို့လက်လှမ်းမမှီနိူင်အောင် သန်မာနေသည့်အတွက် အရိုသေပေးနေရခြင်း ဖြစ်သည်။
ရဲ့ချန် " ကျုပ်ကို သိပ်ယဉ်ကျေးနေစရာမလိုပါဘူး။ တကယ်တော့ ကျုပ်က တချို့အကြောင်းအရာလေးတွေ ခင်ဗျားကို မေးစရာရှိလို့ "
" ဒီလူအိုကြီး သိတာမှန်သမျှ အားလုံးဖြေပါ့မယ်။ စီနီယာ ကျေးဇူးပြုပြီး မေးပါ " လီစွန်းဟီက ပြောလိုက်သည်။
ရဲ့ချန် သူသိလိုသည့်အချက်သို့သာ တည့်တည့်သွားလိုက်သည်။ " ဒီနိူင်ငံက စွမ်းအားအကြီးဆုံးလူတွေနဲ့ ဂိုဏ်းတွေအကြောင်းကို ကျုပ်ကို ပြောပြစေချင်တယ် "
" ဒီနိူင်ငံမှာ စီနီယာတွေရဲ့ဂိုဏ်းတွေက အတော်လေးများလှတယ်။ ကျုပ်လည်း အကုန်လုံးတော့ မသိဘူးရယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သိပ်ကို လျှို့ဝှက်လွန်းတယ်လေ။ ဒါကြောင့် ဒီလောကက ဂိုဏ်းတွေအကုန်လုံးကို လျှို့ဝှက်ဂိုဏ်းတွေလို့ ခေါ်ကြတယ်။ အဲ့ဒီ့လျှို့ဝှက်ဂိုဏ်းသားတွေကလွဲရင် သူတို့ရဲ့ဌာနချုပ်တည်နေရာကို ဘယ်သူမှမသိဘူး " လီစွန်းဟီက လေးလေးနက်နက် ပြောလိုက်သည်။
ရဲ့ချန် လီစွန်းဟီကို အနည်းငယ် အထင်ကြီးမိသွားပုံ ပေါ်သည်။ သို့သော် ထိုလူက အားနည်းသော ကျင့်ကြံသူလေးတစ်ဦးပင် ဖြစ်သည်။ သူသာ အတော်လေးသန်မာမည်ဆိုလျှင် ဂိုဏ်းကြီးတွေရဲ့အကြောင်းကို သိကောင်းသိလိမ့်မည်။
ရဲ့ချန်က သူ့ရဲ့အဖြေကို သိပ်ကျေနပ်မှုမရှိတာကို မြင်ပြီး လီစွန်းဟီ ထပ်မံ ပြောဆိုလိုက်သည်။ " စီနီယာ ဒီနိူင်ငံက ဂိုဏ်းတွေအားလုံးကို မသိပေမယ့် သာမန်သေမျိုးကမ္ဘာက သန်မာတဲ့ဂိုဏ်းတော်တော်များများရဲ့ နာမည်တွေကိုတော့ သိပါသေးတယ် "
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...