အခန်း (၁၁၄) လင်းရို့ချီကို နောက်တစ်ကြိမ် ကုသပေးခြင်း

318 16 0
                                    

အစားအသောက်များ စားပြီးနောက် ချောင်ယမ်ယမ်နှင့် စွေ့ချီတို့က ဟင်းပွဲများကို သိမ်းလိုက်ကြသည်။ လင်းရို့ချီကတော့ ရဲ့ချန်ကို သူမအခန်းထဲသို့ ချက်ချင်း ခေါ်လာခဲ့သည်။

" ရဲ့ချန် ဒီတစ်ခါရော ဘယ်လိုကုမှာလဲ၊ အရင်ကလို စကတ် ချွတ်ရမှာပဲလား " လင်းရို့ချီက မျက်နှာ ရဲရဲကလေးဖြင့် မေးလိုက်သည်။

" ဟုတ်တယ် စကတ်ကို မြန်မြန် ချွတ်လိုက်၊ သိပ်ကြာနေရင် မကောင်းဘူး " ရဲ့ချန်က လင်းရို့ချီကို စကတ် အမြန် ချွတ်ရန် ပြောလိုက်သည်။ သူက အချိန်ဖြုန်း မနေလိုတော့ချေ။

လင်းရို့ချီတစ်ယောက် နုတ်ခမ်းကို ကိုက်လိုက်သည်။ ရဲ့ချန်က သူမ​၏ခန္ဓာကိုယ်ကို ယခင်က မြင်ဖူးထားသည့်တိုင် ယခု စကတ် ထပ် ချွတ်ရမည့် ကြားသောခါ ရှက်ရွံ့နေသေးသည် မဟုတ်ပါလား။

" ဒါတွေ အားလုံးပြီးသွားရင် ငါ့ရောဂါက အရှင်း ပျောက်သွားမှာပါ " လင်းရို့ချီက သူမကိုယ်သူမ အားပေးလိုက်ပြီး စကတ်ကို ချွတ်လိုက်တော့သည်။

ယခုတော့ လင်းရို့ချီက စကတ်ကို ချွတ်လိုက်ပြီ ဖြစ်သည်။ သူမ​၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် အဖြူရောင် ပင်နီလေး တစ်ထည်သာ ကျန်ရစ်ခဲ့တော့​၏။

ရဲ့ချန်​၏ မျက်လုံးက လင်းရို့ချီ​၏ ကိုယ်ပိုင်ဧရိယာလေးကို တစ်စက်မှ မခွာဘဲ စိုက်ကြည့်နေသည်။

" ရဲ့ချန် မြန်မြန် ကုစမ်း " လင်းရို့ချီက ရဲ့ချန်​၏ မီးတောက်နေသော အကြည့်ကို ခံစားမိပါသည်။ သူမက ရဲ့ချန်ကို မဆူရက်တော့ပေ။ ထို့အပြင် သူမ​၏ညှို့ဓာတ်က ဆွဲဆောင်မှုရှိသော သူမ​၏တပည့်ကို ညှို့ယူနိုင်သည်ဟု သိရသောကြောင့် အနည်းငယ် ကျေနပ်သွားသည်။

" ဆရာမ အိပ်ရာပေါ် လှဲနေလိုက်လေ " ရဲ့ချန်​က လင်းရို့ချီကို အိပ်ရာပေါ်တွင် လှဲနေရန် ပြောလိုက်သည်။

လင်းရို့ချီက နာခံစွာ အိပ်ရာပေါ်တွင် လဲလျောင်းပြီး ရဲ့ချန်​၏ကုသမှုကို စောင့်နေလိုက်သည်။

ရဲ့ချန်က လင်းရို့ချီ အနားသို့ တိုးကပ်ပြီး ခြေထောက်နှစ်ချောင်းပေါ် လက်တင်ထားလိုက်သည်။ " ဆရာမ လင်း ဒါက နည်းနည်းတော့ ပူလိမ့်မယ်၊ အောင့်ထားနော် "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now