" မစ် လော့ဘင် ခင်ဗျား လုံခြုံရဲ့လား " တံခါးမကြီးခြောက်ခု အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးက လော့ဘင်အနား ရောက်လာပြီး မေးလိုက်၏။
" ဟုတ်ကဲ့ ကျွန်မ အန္တရာယ် ကင်းပါတယ်၊ ရှင်ရော ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ " လော့ဘင်သည် တံခါးမကြီးခြောက်ခု အဖွဲ့အစည်း၏ အဖွဲ့ဝင် အကြီးအကဲများ အဘယ်ကြောင့် ရောက်လာမှန်း မေးလိုက်၏။
" ဒီနေရာမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေတယ်လို့ အကြောင်းကြားလိုက်လို့ ကျုပ်တို့ ရောက်လာတာ၊ ဒီကို ခေါင်းဆောင်တို့တောင် ရောက်လာသေးတယ် " ထိုလူက လော့ဘင်ကို အသေးစိတ် ရှင်းပြလိုက်သည်။
" ကျွန်မ သိပြီ၊ ခေါင်းဆောင်တို့ ဘယ်မှာလဲ၊ ကျွန်မ သူတို့နဲ့ သွားတွေ့လိုက်ဦးမယ် " လော့ဘင်က ခေါင်းဆောင်တို့ ရှိသော နေရာကို မေးမြန်းလိုက်၏။
" ခေါင်းဆောင်တို့က အနောက်ဘက် ဆယ်မိုင်လောက်မှာ ရှိတယ်၊ ခင်ဗျား အဲ့ဒီ့နေရာမှာ သူတို့ကို တွေ့နိုင်တယ် " ထိုလူက ခေါင်းဆောင်တို့ ရှိသော နေရာကို ပြောပြလိုက်၏။
လော့ဘင်က ရဲ့ချန်ကို လှည့်ကြည့်လိုက်သည်။ သို့သော် သူမ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရဲ့ချန်ကို မတွေ့ရတော့ချေ။
" ဟင် သူ ဘယ်ထွက်သွားတာလဲ " လော့ဘင်က ရဲ့ချန်ကို ပတ်ပတ်လည် လှည့်ရှာလိုက်သည်။
" နင်တို့ သူဘယ်ထွက်တာလဲ မြင်လိုက်လား " လော့ဘင်က သူမ နောက်က မိန်းကလေးတချို့ကို မေးလိုက်၏။
ထိုအခါမှ ဖန်းရွှယ်လည်း ရဲ့ချန် ပျောက်သွားမှန်း သတိထားမိလိုက်သည်။ " မသိဘူး " မိန်းကလေးအားလုံးက လော့ဘင်ကို တညီတညွတ်တည်း အဖြေပေးလိုက်၏။
ရဲ့ချန်ကို ရှာမတွေ့သောကြောင့် လော့ဘင်က ခေါင်ဆောင်များနှင့် သွားတွေ့ရန် တစ်ယောက်တည်း ထွက်လာခဲ့သည်။
မိနစ်ပိုင်းအတွင်း လော့ဘင်သည် ရဲ့ချန်နှင့်ပေါင်မန်တို့၏ တိုက်ပွဲကွင်းပြင် နေရာသို့ ရောက်လာခဲ့သည်။ လော့ဘင်သည် ထိုနေရာသို့ ရောက်လာသောအခါ ဧရာမချိုင့်ဝှမ်းကြီးတစ်ခုကို မြင်လိုက်ရ၏။ တောင်ကုန်းများနှင့် သစ်ပင်များကလည်း မွစာကြဲနေပြီး ဤနေရာတွင် ဆိုးဝါးသော ထိခိုက် ပျက်စီးမှုများက မြင်မကောင်းအောင် ရှိနေသည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...