ရဲ့ချန်က ရေချိုးခန်းဆီသို့ ချက်ချင်း ထွက်လာခဲ့သည်။ လမ်းလျှောက်နေစဉ်မှာလည်း သူ၏ပေါင်ခြံကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး ကွတကွတဖြင့် လျှောက်နေရသည်။
စုမန်ချီသည် ရဲ့ချန်က ချက်ချင်း ထွက်ပြေးသွားသည့်အတွက် အတော်လေး မကျေမနပ် ဖြစ်သွား၏။ စုမန်ချီက ရဲ့ချန်ကို အဘယ်ကြောင့် ဤမျှလွယ်လွယ်ကူကူဖြင့် ထွက်ပြေးခွင့် ပြုနိုင်မည်နည်း။
" ကျွန်မလည်း ရေချိုးခန်း သွားချင်လို့ " အဘိုးချောင် နှင် အဘိုးဖြစ်သူကို ထိုသို့ပြောပြီးနောက် စုမန်ချီက ရဲ့ချန်ထွက်သွားသော ရေချိုးခန်းဆီသို့ ချက်ချင်း လိုက်လာခဲ့သည်။
ထိုအရာကို မြင်ပြီး ချောင်ယမ်ယမ်၏မျက်ဝန်းထဲတွင် သံသယဖြစ်သော အငွေ့အသက်တစ်ခု ယှက်သန်းသွားခဲ့သည်။
ရေချိုးခန်းထဲသို့ ရောက်လာသောအခါ ရဲ့ချန်က အပူငြိမ်းစေရန် ရေပိုက်က ရေကို လက်နှစ်ဖက်ဖြင့် ခပ်ယူပြီး မျက်နှာသစ်ချလိုက်သည်။
စုမန်ချီက သူ့ကို ရပ်တည်နိုင်စွမ်း မရှိသည်အထိ စနောက်မည်ဟု ရဲ့ချန် လုံးဝ ထင်မထားခဲ့ချေ။
ရုတ်တရက် လူတစ်ယောက်က သူ၏နောက်ကနေ ပွေ့ဖက်လိုက်ကြောင်း ရဲ့ချန် ခံစားလိုက်ရ၏။ ထိုလူက သူ၏လက်နှစ်ဖက်ဖြင့် လည်ပင်းအား ဖက်ထားသောကြောင့် ရဲ့ချန် မလူးသာ မလွန့်သာ အခြေအနေ ဖြစ်နေသည်။
" အ အ ... " ရဲ့ချန်သည် သူ၏ကျောမှ နူးညံ့သော အရာတစ်ခု၏အထိအတွေ့ကို ခံစားလိုက်ရ၏။ ရဲ့ချန်သည် နောက်သို့လှည့်မကြည့်ဘဲ သူ၏ကျောကို တိုက်ခိုက် ပွတ်သပ်သော အရာက ဘာမှန်း ခန့်မှန်းမိပါသည်။
" စုမန်ချီ ခင်ဗျား ဘာလုပ်တာလဲ၊ ကျုပ်ကို မစတော့နဲ့၊ ရပ်လိုက်တော့ " စုမန်ချီ၏ဖျားယောင်းမှုက သူ့ကို မခံ မရပ်နိုင်အောင် ဖြစ်စေသည် မဟုတ်ပါလား။
စုမန်ချီ၏တောင်ဘို့ကြီး နှစ်လုံးက လျှို့ယွဲ့ထက်ပင် အနည်းငယ် ပိုကြီးမားပေသည်။ ထို့အပြင် ၎င်း၏အထိအတွေ့က အလွန်တရာ နူးညံ့နေသေးသည်။
" ခဏလေး သူ အတွင်းခံတောင် ဝတ်မထားဘူးလို့ ငါ့ကို လာမပြောနဲ့နော် " ရဲ့ချန်သည် စုမန်ချီ၏တောင်ဘို့ကြီး နှစ်လုံးက အဝတ်ပါးလေးသာ ခြားနားထားကြောင်း ခံစားမိလိုက်သည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...