အခန်း (၁၆) ချီလောင် လက်ကောက်

435 42 0
                                    

ရဲ့ချန် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် ကြည့်ပြီး လိုက်ရှာလိုက်သောအခါ အမျိုးသမီးများ ထွက်ခွာသွားသည်ကို သိရှိလိုက်ရသည်။ နောက်ဆုံးမှာတော့ ရဲ့ချန် ပုန်းနေတဲ့ နေရာမှ ထွက်လာလိုက်သည်။ သူ့ရဲ့ ရုပ်ရည်ချောမောမှုနဲ့ ပတ်သက်ပြီး ရဲ့ချန်မှာ စိတ်ကူးမရှိသေးပေ။ ဒါက အနာဂတ်မှာ ဂြိုလ်မွှေမယ့် ကိစ္စပါ။ အကြောင်းပြချက် အကြီးကြီးတစ်ခုအနေဖြင့် ထိုသို့ပြောင်းလဲလာတာက ဘုရင့်နှလုံးသားကျင့်စဉ်ကို လေ့ကျင့်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်သည်။

ရဲ့ချန် အဝတ်အစားဝယ်ရမယ့်တာဝန်က ကျရှုံးသွားခဲ့ပါတယ်။ ဆက်ပြီး ဝယ်မယ်ဆိုရင်လည်း ဤကဲ့သို့ ပြဿနာများဆက်ဖြစ်လာပါလိမ့်မယ်။ ရဲ့ချန် မိန်းကလေးတွေဆီက ယင်ချီတွေ လိုအပ်တယ်ဆိုလျှင် တောင်မှ ရဲ့ချန် ကြိုက်တဲ့မိန်းမတိုင်းကို ဆက်ဆံလို့ ရမည်ဟုတော့ မဆိုလိုချေ။

ဘုရင့်နှလုံးသားကျင့်စဉ်က ဤကဲ့သို့လည်း ဆိုထားသေးသည်။ ယင် ယန် ကျင့်ကြံခြင်း ကျင့်စဉ်ကို လေ့ကျင့်မယ်ဆိုရင် ထိုကျင့်စဉ်ကို ကျွမ်းကျင်သော မိန်းမလေးနှင့် ဆက်ဆံမှသာလျှင် ရဲ့ချန်ရော ထိုမိန်းကလေးရော နှစ်ဦးနှစ်ဖက်လုံး သာမန်ထက်ပိုသော အကျိုးကျေးဇူးကို ရရှိပါလိမ့်မည်။ ဘုရင့်နှလုံးသားကျင့်စဉ်ထဲတွင် ဤသို့လည်း ထပ်ရေးထားသည်။ ကျင့်ကြံသူနှစ်လုံးစလုံးဟာ ထိုကျင့်စဉ်ကို လေ့ကျင့်လျှင် ကျင့်ကြံခြင်း အခြေခံများကိုသာ တိုးတက်လာနိူင်သည်။ ပြီးတော့ ရဲ့ချန်နှင့် ယင်ယန်ကျင့်စဉ်ကို လေ့ကျင့်မယ်ဆိုရင် ထိုမိန်းကလေးဟာ ရုပ်ရည်များလည်း လှပ သိမ်မွေ့လာပေမည်။

ထိုအကြောင်းအရာကိုသာ မိန်းမများသိလျှင် ပိုပိုပြီးတော့တောင် ရဲ့ချန်ကို အမဲလိုက်ပေအုံးမည်။ အမျိုးသမီးတွေက အစားထိုးခံတစ်ယောက်တောင် ဖြစ်ချင်ကြသည်။ နတ်ဘုရားနယ်ပယ်က နတ်ဖုရားမတွေကလည်း ခြွင်းချက်တော့ မဟုတ်ပေ။ သေမျိုးကမ္ဘာက အမျိုးသမီးတွေ ထိန်းမနိူင်သိမ်းမရ မြူဆွယ်နေကြတာက သိပ်တော့ မဆန်းတော့ပေ။

Nt; ငါ ဘုရင့်နှလုံးသားကျင့်စဉ်ကို စာဖက်သူတွေကို ရှင်းပြဖို့ မေ့နေခဲ့တယ်။ မင်းတို့ လူငယ်လေးတွေ ငါ့ရဲ့ ရှင်းပြချက်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now