ရဲ့ချန် သူ၏ညီလေးကို ပျော့ကျအောင်ထိ စောင့်စားနေရသည်။ နဂိုအတိုင်း ပြန်ဖြစ်သွားပြီးနောက် ရဲ့ချန်က စားသောက်ပွဲ ကျင်းပရာ ခန်းမထဲသို့ ပြန်လာခဲ့သည်။
ရဲ့ချန် ပြန်ရောက်လာသောအခါ ချောင်ဂျင်ချမ်း နှင့် စုဝမ်ဆန်တို့က အတော်လေး ရေချိန်ကိုက်နေပြီ ဖြစ်သည်။
သူတို့နှစ်ယောက်က နှစ်ကိုးဆယ်ဝိုင်ကို သောက်နေခြင်း ဖြစ်၏။
ထန်နူကတော့ သူတို့နှစ်ယောက်ကို ဝိုင်ထပ်မသောက်တော့ဖို့ တားဆီးရန် အကူညီကင်းမဲ့စွာ ကြိုးစားနေရ၏။ သူတို့သာ ဤသို့ ဆက်သောက်နေလျှင် မတ်တပ်ပင် ရပ်နိုင်ရန် မသေချာတော့ပေ။
အခြားတစ်ဖက်တွင် စုမန်ချီက ချောင်ယမ်ယမ်၏ဘေးက ထိုင်ခုံတွင် ပြောင်းထိုင်ပြီး သူမနှင့် သွားရောက် စကားနေပြီ ဖြစ်၏။ သူမတို့နှစ်ဦးက အနည်းငယ် ပို ရင်းနှီးလာသည့်ပုံ ပေါ်လေသည်။
" ရဲ့ချန် ဒီကိုလာ၊ ဒီဝိုင်ကို စမ်းသောက်ကြည့်စမ်း " ချောင်ဂျင်ချမ်းက ရဲ့ချန်ကို ဝိုင်သောက်ရာတွင် ပါဝင်ရန် လှမ်းခေါ်လိုက်သည်။
ရဲ့ချန်က ပြုံးပြီး ချောင်ဂျင်ခမ်းဆီသို့ လျှောက်လာကာ ဝိုင်သောက်ရန် ဝင်ထိုင်လိုက်သည်။
" ဂျင်ချမ်း ရှင်ဘာဖြစ်လို့ ကျောင်းသားတစ်ယောက်ကို အရက်တွေ တိုက်နေတာလဲ " တစ်ဖက်တွင် ထိုင်နေသော ထန်နူက ရဲ့ချန်ကို အရက်တိုက်နေသော ချောင်ဂျင်ချမ်းကို ဆူလိုက်သည်။
" လာစမ်းပါ၊ အဲလောက်ထိ တင်းကျပ်မနေပါနဲ့၊ ဒီအသက်အရွယ်မှာ အရက်သောက်ရဲတဲ့ လူကမှ အနာဂတ်မှာ သေချာပေါက် အောင်မြင်မယ့်လူ " ချောင်ဂင်ချမ်းသည် ရဲ့ချန်၏ရှေ့က ဖန်ခွက်ထဲသို့ နှစ်ကိုးဆယ်ဝိုင်များ ငှဲ့ပေးလိုက်သည်။
ရဲ့ချန်သည် ဖန်ခွက်ထဲက ဝိုင်များကို တစ်ငုံစာလောက် သောက်လိုက်၏။ တစ်နာရီခန့် ကြာသောအခါ သူတို့သုံးယောက်သည် ဝိုင်ငါးပုလင်း ဖြိုပြီးပြီ ဖြစ်၏။
ကံကောင်းထောက်မစွာ ရဲ့ချန်၏သောက်နိုင်စွမ်းက အတော်လေး မြင့်မားနေခဲ့သည်။ ထို့ကြောင့် သူတို့သုံးယောက်ထဲတွင် ရဲ့ချန်တစ်ယောက်တည်းသာ အနည်းငယ် ခေါင်းထောင်နိုင်တော့၏။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...