အခန်း (၅၃) မျက်နှာအား ဖြတ်ရိုက်ခြင်း

320 28 1
                                    

စွေ့ချီဟာ ရဲ့ချန်လို ပုံစံမျိုးကို အမှန်ပင် နှစ်သက်ပေသည်။ သို့သော် သူဟာ သာမန်ဝင်ငွေသာရှိသော သူတစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် ရဲ့ချန်အား ငြင်းဆန်လျှင် အနာဂတ်မှာ သူ့သမီးက လက်မခံနိုင်ဖြစ်မည်ကို သူမ စိုးရိမ်မိပါသည်။

မိဘတိုင်းကတော့ သူတို့​၏သမီးကို ဆင်စီးပြီး မြင်းရံမည့်အဖြစ်အား လိုချင်ကြသည်။ သို့သော် ယခုအချိန်တွင်တော့ စွေ့ချီခမျာ ရွေးချယ်ရခက်နေသည်။ ရဲ့ချန်က အနာဂတ်တွင် တိုးတက်လာမည်ဆိုလျှင်တော့ သူမက မုချ သူတို့နှစ်ဦးအား လက်ထပ်ပေးလိုက်မည် ဖြစ်သည်။

ဟူဂျီးအား ပထမဆုံး စတွေ့တုန်းက လင်းရို့ချီ​၏သဘောထားက သိပ်မဆိုးပေ။ သို့သော် ရဲ့ချန်အား နှိမ့်ချပြောဆိုပြီးနောက် ထိုလူ့အပေါ်သဘောထားတွေက သိသိသာသာ ကွဲပြားသွားလေသည်။ ရဲ့ချန်ဟာ သဘောထားကြီးသော ယောက်ျားတစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် သူဟာ ဟူဂျီးထက် အဆင့်အတန်း ပိုရှိပေသည်။

စေ့ချီ " အို့... ဟုတ်သားပဲ။ ဟူဂျီး... မင်းရဲ့အဖေကရော ဘာလုပ်ငန်းတွေများ လုပ်လဲ " သူမက ဟူဂျီးဖခင်​၏အလုပ်ကို မေးမြန်းသည်။

ဟူဂျီး " အန်တီ... ကျွန်တော့်အဖေရဲ့စီးပွားရေးလုပ်ငန်းက အင်မတန် တိုးတက်နေတဲ့ လုပ်ငန်းကြီးပါ။ အဲ့ဒီ့ကနေ လစဉ် ဒေါ်လာသန်းပေါင်းများစွာ အမြတ်ရရှိပါတယ် " ဟူဂျီးက နောက်ထပ်တဖန် ချမ်းသာမှုနှင့် ကြွားလုံးထုတ်နေသည်။

ဟူဂျီးက ရဲ့ချန်အား စိုက်ခနဲ့ ကြည့်လိုက်ပြီး လင်းရို့ချီကိုလည်း ထပ်မံ ကြည့်လိုက်သည်။ သူတို့နှစ်ဦးဟာ စကားများကိုပဲ စိတ်အားထက်သန်စွာ ပြောနေကြသည်။ သူပြောသည့်စကားများကို နားထောင်သည့်ပုံ မပေါ်ပေ။ ယင်းက ဟူဂျီးအား ဝမ်းနည်းသွားစေသည်။ သူတို့နှစ်ဦးဟာ သူ့အား အဖက်ပင် မလုပ်ပေ။

သာမန်အားဖြင့် လူတော်တော်များများဟာ ဟူဂျီး​၏ ချမ်းသာမှုအား ထုတ်ဖော်ပြောကြားလိုက်သည်နှင့် တအံ့တဩဖြစ်ကြရပြီး သူနှင့် နီးကပ်ရန် တက်နိုင်သလောက် ကြိုးစားကြတော့သည်။

ရုတ်တရက် မစ်စွေ့ချီက အစားအစာတွေ ရောက်လာပြီဖြစ်ကြောင်း သတိပေးလိုက်သည်။ ထိုအခါမှသာ ဟူဂျီး​၏ ကို့ယို့ကားယားနှင့် ရှက်ဖွယ်ဖြစ်နေမှုများက ပြေလျော့သွားလေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Место, где живут истории. Откройте их для себя